သူမတို့ချစ်သူနှစ်ယောက်ရဲ့ (၁၀)နှစ်တာဖြတ်သန်းခဲ့ရတဲ့ကြည်နူးစရာအမှတ်တရတွေကို ချပြလိုက်တဲ့ ဖိလစ်ပိုင်မင်းသမီးချော Kathryn ရဲ့ဗီဒီယို

//s9.kh1.co/a9/a947b54a6a7c2687ed869db56704d3e2a0299b0e.jpeg
အနုပညာရှင်များ

 ၂၅-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

သူမတို့ချစ်သူနှစ်ယောက်ရဲ့ (၁၀)နှစ်တာဖြတ်သန်းခဲ့ရတဲ့ကြည်နူးစရာအမှတ်တရတွေကို ချပြလိုက်တဲ့ ဖိလစ်ပိုင်မင်းသမီးချော Kathryn ရဲ့ဗီဒီယို

ဖိလစ်ပိုင်မင်းသမီးချောတစ်လက်ဖြစ်တဲ့ Kathryn Bernardo ကတော့ အောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့ချစ်သူ Daniel Ford ကလည်း မင်းသားတစ်လက်ဖြစ်ပါတယ်။Kathryn တို့ချစ်သူနှစ်ယောက်က(၂၀၁၁) ခုနှစ်ကတည်းက လက်တွဲလာကြတာဖြစ်လို့ ချစ်သက်တမ်းကတော့ မကြာခင်ကမှ (၁၀)နှစ် ပြည့်သွားတာဖြစ်ပါတယ်။Kathryn နဲ့ Daniel တို့ရဲ့ ချစ်ခရီးလမ်းလေးကို မြန်မာပရိသတ်တွေကလည်း အားကျနေကြတာဖြစ်ပါတယ်။

Photo Credit:Kathryn Bernardo’s IG Acc
Photo Credit:Kathryn Bernardo’s IG Acc
Photo Credit:Kathryn Bernardo’s IG Acc
Photo Credit:Kathryn Bernardo’s IG Acc

အခုချိန်ထိလည်း သူတို့ချစ်သူနှစ်ယောက်က အလုပ်တွေကြိုးကြိုးစားစားလုပ်ဆောင်နေကြပြီး အသက် (၃၀)မတိုင်ခင် လက်ထပ်ကြဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။Daniel ကလည်း ချစ်သူလေးကို (၁၀)နှစ်လုံး အနွံတာခံချစ်ပေးပြီး အစစအရာရာဂရုစိုက်ပေးတာဖြစ်ပါတယ်။ဒီလိုမျိုး ချစ်သူကောင်းလေးကို ပိုင်ဆိုင်ထားတဲ့ Kathryn ကတော့  အမြဲတမ်းပျော်ရွှင်နေရပြီး စိတ်ပျိုကိုယ်နုဆိုသလို ပိုပိုလှပလာနေတာပဲဖြစ်ပါတယ်။

Photo Credit:Kathryn Bernardo’s IG Acc
Photo Credit:Kathryn Bernardo’s IG Acc
Photo Credit:Kathryn Bernardo’s IG Acc
Photo Credit:Kathryn Bernardo’s IG Acc
Photo Credit:Kathryn Bernardo’s IG Acc
Photo Credit:Kathryn Bernardo’s IG Acc

အခုဆိုရင်တော့ Kathryn က သူမရဲ့ Instagram မှာ ချစ်သူနှစ်ယောက်ရဲ့ (၁၀)နှစ်တာ ကြည်နူးခဲ့ရတဲ့အမှတ်တရဗီဒီယိုဖိုင်လေးကို တင်ပေးလာတာဖြစ်ပါတယ်။သူမတို့ချစ်သူနှစ်ယောက်က လွန်ခဲ့တဲ့ (၁၀)နှစ်ကတည်းက ဘဝကိုလွယ်လယ်ကူကူဖြတ်သန်းလာကြတာမဟုတ်ပေမယ့် အခက်အခဲတွေကိုမျှဝေခံစားရင်း အတူရှိလာကြတာဖြစ်ပါတယ်။ဒီနေ့အချိန်ထိတိုင် လက်တွဲတွေခိုင်မြဲပြီး အချစ်တွေမလျော့သွားကြတဲ့ Kathryn နဲ့ Daniel တို့ရဲ့ဗီဒီယိုကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Kathryn Bernardo’s IG Acc
Photo Credit:Kathryn Bernardo’s IG Acc
Photo Credit:Kathryn Bernardo’s IG Acc
Photo Credit:Kathryn Bernardo’s IG Acc

Source&Video Credit :Kathryn Bernardo’s IG Acc

https://s9.kh1.co/__image/w=650,h=384,q=100/a0/a0d348e53412c28b5253fd2d4654984384d6e71e.jpeg

(ဗီဒီယိုဖိုင် ကြည့်ရူရန်အတွက် အောက်ပါလင့်ကို Copyလုပ်ပြီး openကိုနှိပ်၍ facebookနှိပ်ကာ ဖွင့်ပါ)https://www.facebook.com/106559704436097/videos/541780960255867/

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T