စားဝတ်နေရေးခက်ခဲနေတဲ့ပြည်သူတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းခဲ့တဲ့ နေဆန်းတို့ဇနီးမောင်နှံ

//s9.kh1.co/50/50f5b873f68328ce69d7193cd09b508b0c770d26.jpeg
အနုပညာရှင်များ

 ၂၅-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

အနုပညာပိုင်းမှာ ပရိသတ်အားပေးချစ်ခင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်နေဆန်းကတော့ လှူဒါန်းမှုတွေ မကြာခဏပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ နေဆန်းကတော့ ချစ်ဇနီးချောလေးနဲ့အတူ အေးအတူပူအမျှဖြတ်သန်းနေကာ စားဝတ်နေရေး ခက်ခဲနေသူတွေအတွက်လည်း လှူဒါန်းခဲ့ပါတယ်။ 

Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc

​မိခင်ကြီးကွယ်လွန်ခြင်း (၂)လပြည့်လေးအတွက် ရည်စူးကုသိုလ်အဖြစ် စားဝတ်နေရေးခက်ခဲနေသူတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းခဲ့တာပါ။ နေဆန်းတို့ဇနီးမောင်နှံဟာ တောင်ဥက္ကလာ (၁၀)ရပ်ကွက် ဓမ္မာရုံမှာ အိမ်ထောင်စု (၁၁၀)စာ အတွက် ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးတွေ ကူညီလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ 

Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc

ကြည်နူးပီတိဖြစ်စရာ အလှူပုံရိပ်လေးတွေကိုလည်း နေဆန်းရဲ့ဇနီးချောက သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားပြီး ကွယ်လွန်သူမိခင်ကြီးသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့ကိုလည်း မေတ္တာပို့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ဝမ်းသာအားရ သာဓုခေါ်ဆုတောင်းစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်။ 

Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc
Photo Credit - Chaw Su's Fb Acc

သတင်း အရင်းအမြစ်Chaw Su's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T