မြန်မာနိုင်ငံမှာ အင်းလေးက ကန်ပေါ်မှာ အိမ်လေးတွေဆောက်ထားပေမယ့် ဂျပန်နိုင်ငံမှာတော့ ပင်လယ်စပ်မှာအိမ်ဆောက်ထားတဲ့ နေရာလေးပါ။ Kyoto မြောက်ပိုင်းမှာရှိတဲ့ တံငါရွာလေးဖြစ်ပြီး နာမည်က ‘Ine’ လို့ခေါ်ပါတယ်။
အိမ်တွေက အသေဆောက်ထားတာမဟုတ်ဘဲ ရေပေါ်ပေါ်နေအောင် သစ်သားကိုအဓိကထားပြီးဆောက်ထားတဲ့ အိမ်လေးတွေဖြစ်တာကြောင့် boat house လို့ခေါ်ကြပါတယ်။
ပင်လယ်စပ်မှာ အိမ်လေးတွေဆောက်ထားတာဟာ အိမ်ခြေ 200လောက်ရှိပြီး ကမ်းရိုးတလျှောက် 5km လောက်ရှည်ပါတယ်။
‘Ine’ မြို့လေးမှာ အနီရောင်ဆန်ကနေထုတ်ထားတဲ့ “အရက်နီ” ချက် စက်ရုံလဲရှိပါသေးတယ်။ 2019 Osaka G20 ထိပ်သီးအစည်းအဝေးမှာတောင် ဒီအရက်နီနဲ့ ဧည့်ခံခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ကအင်းလေးက လှပလွန်းတာကြောင့်
ရှု့ခင်းတွေရဲ့ဆွဲဆောင်မှုမှာ လုံးဝကို လွှင့်မျောသွားမှာ အသေအချာပါပဲ။
မြို့ရဲ့ ရှု့ခင်းတွေကို “Sea Taxi” လို့ခေါ်တဲ့ boat လေးတွေနဲ့ စီးပြီး ကြည့်လို့ရပါသေးတယ်။
Source : Original Uploader