ရိက္ခာအခက်အခဲတွေကြောင့် ထမင်းတောင်စားဖို့မရှိတော့ပဲ ကြုံသလိုလေးအချင်းချင်းဝေမျှစားနေရတဲ့ ဖယ်ခုံ PDFရဲဘော်တွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/d4/d4ac820263852e96354520bcf131c80d15b9700a.jpg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ရှစ်လကျော်ကြာမြင့်လာပြီဖြစ်တဲ့ တော်လှန်ရေးကာလရှည်ကြီးမှာ ပြည်သူအားလုံးရော PDF လူငယ်တွေရော အင်တိုက်အားတိုက်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ D Day ကြေငြာလိုက်သည့်နေ့ကစကာ တိုက်ပွဲတွေကလည်း ဆက်တိုက်ပြင်းထန်နေပြီး မြို့ပေါ်နေရာအနှံ့မှာလည်း ပေါက်ကွဲမှုတွေနဲ့ တာဝါတိုင်ဖောက်ခွဲမှုတွေဖြစ်ပေါ်နေကာ တစ်ဖက်ကလည်း ပြင်းပြင်းထန်ထန် ပစ်ခတ်နှိမ်နှင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

PDF ရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေလှူဒါန်းပေးကြတဲ့ ရိက္ခာထောက်ပံ့မှုတွေနဲ့ ချို့ချို့တဲ့တဲ့စားသောက်နေကြရပြီး စစ်ရေးအတွက်ကြိုးစားပြင်ဆင်နေကြတာပါ။ ရဲဘော်တွေခမျာမှာလည်း ပြည်သူတွေထောက်ပံ့ပေးကြတဲ့ ရိက္ခာလေးတွေနဲ့ လောက်ငှအောင်စားနေကြရသလို စစ်ရေးအခြေအနေတွေအတွက်လည်း လက်နက်အပြည့်အစုံတပ်ဆင်နိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

PDF တွေအနေနဲ့လည်း လက်နက်ပြည့်စုံနိုင်ဖို့သာလျှင် အဓိကအရေးကြီးတာကြောင့် ရိက္ခာတွေကို ချို့ချို့တဲ့တဲ့စားသောက်ကြရပြီး ထမင်းနပ်မမှန်တဲ့ အချိန်တွေပါရှိနေတာကိုတွေ့ရပါတယ် ။ အခုအခါမှာဆိုရင်လည်း ဖယ်ခုံ PDFက
ရဲဘော်တွေဟာ လူအင်အား (၁၅၀၀)ခန့်ရှိနေတာဖြစ်တာကြောင့် ထမင်းနပ်မမှန်ပဲ ရှိတဲ့ရိက္ခာလေးတွေနဲ့ ဝေမျှစားသောက်နေကြရတာကို တွေ့ရပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T