LALISA သီချင်းထဲက အမိုက်စားကကွက်တွေကို အတူတူကပြပြီး အငယ်ဆုံးလေး Lisa ကိုဝန်းရံပေးခဲ့ကြတဲ့ BlackPink အဖွဲ့ဝင်တွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/58/581cf63b62006f8fcb966e345f2f2b24573ff6fc.jpg
အနုပညာရှင်များ

 ၂၅-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

LALISA သီချင်းထဲက အမိုက်စားကကွက်တွေကို အတူတူကပြပြီး အငယ်ဆုံးလေး Lisa ကိုဝန်းရံပေးခဲ့ကြတဲ့ BlackPink အဖွဲ့ဝင်တွေရဲ့ဗီဒီယိုဖိုင်

BlackPink အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa ကတော့ မကြာသေးခင်ကမှ သူမရဲ့တစ်ကိုယ်တော် Album နဲ့ ပရိသတ်တွေကို စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် Lisa ရဲ့ Album ထဲကနေ "LALISA" နဲ့ "Money" ဆိုတဲ့ Music Video နှစ်ပုဒ်ကလည်း ထွက်ရှိလာပြီ ဖြစ်ပါတယ် ။ Lisa ရဲ့ MV နှစ်ပုဒ်လုံးက တစ်မူထူးခြားတဲ့ပုံစံတွေနဲ့ အမိုက်စားဖန်တီးထားတာကြောင့် အချိန်ခဏလေးအတွင်းမှာတင် အရမ်းရေပန်းစားသွားပြီး နိုင်ငံတကာအထိ အောင်မြင်နေတာ တွေ့ရပါတယ်။

Photo Credit-BlackPink's IG Acc
Photo Credit-BlackPink's IG Acc
Photo Credit-Lisa's IG Acc
Photo Credit-Lisa's IG Acc
Photo Credit-BlackPink's IG Acc
Photo Credit-BlackPink's IG Acc

အခုလည်း BlackPink အဖွဲ့ဝင်တွေက အသစ်ထွက်ရှိထားတဲ့ Lisa ရဲ့သီချင်းလေးနဲ့ ကပြခဲ့တာ ဖြစ်ပါတယ် ။ BlackPink Member တွေဖြစ်တဲ့ Ji Soo, Jennie နဲ့ Rose တို့သုံးယောက်က "LALISA" သီချင်းလေးနဲ့ ပျော်ပျော်ပါးပါး ကပြခဲ့ကြတာ ဖြစ်ပါတယ် ။ သူမတို့သုံးယောက်ကတော့ အဖွဲ့ထဲမှာ အငယ်ဆုံးလေးဖြစ်တဲ့ Lisa ရဲ့သီချင်းအသစ်လေးကို အတူဝန်းရံအားပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-BlackPink's IG Acc
Photo Credit-BlackPink's IG Acc
Photo Credit-BlackPink's IG Acc
Photo Credit-BlackPink's IG Acc
Photo Credit-Lisa's IG Acc
Photo Credit-Lisa's IG Acc

ဒါ့အပြင် Lisa က Ji Soo နဲ့အတူ "LALISA" သီချင်းလေးကို အတူတူကပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေခဲ့ပါသေးတယ်။ ဒီဗီဒီယိုဖိုင်ထဲမှာတော့ Lisa နဲ့ Ji Soo တို့က အမိုက်စားကကွက်တွေကို စည်းချက်ကျကျကခုန်ရင်း ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ် ။ သီချင်းအသစ်ထွက်ရှိထားတဲ့ Lisa ကို ဝန်းရံအားပေးတဲ့အနေနဲ့ "LALISA" MV ထဲကကွက်တွေကို အတူတူကပြခဲ့ကြတဲ့ BlackPink အဖွဲ့ဝင်တွေရဲ့ဗီဒီယိုဖိုင်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-Sooya's IG Acc & Lalisa's IG Acc

Photo Credit-Sooya's IG Acc
Photo Credit-Sooya's IG Acc
Photo Credit-Lisa's IG Acc
Photo Credit-Lisa's IG Acc
Photo Credit-Lisa's IG Acc
Photo Credit-Lisa's IG Acc
@lalisa__officiall

Lisa x Jisoo ‘??????’ dance challenge?

♬ original sound - 리사 - Lιsα
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T