YG Producer ရဲ့ကလေးလေးကို သူမ ကိုယ်တိုင် Sign ထိုးထားတဲ့ LALISA Album လက်ဆောင်ပေးခဲ့တဲ့ LISA

//s9.kh1.co/c6/c690c55ee56ed6144dbdacfb49de9b53623f640c.jpg
အနုပညာရှင်များ

 ၂၅-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကလေးလေးကတော့ အရမ်းကိုပျော်နေတော့မှာပဲ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

LISA ဆိုတာနဲ့ အရမ်းကိုမိမိုက်တဲ့ကကွက်တွေနဲ့ ပရိတ်သတ်ရဲ့ အချစ်တွေကို သိမ်းကျုံးယူထားတဲ့ BLACKPINK member တစ်ယောက်ဆိုတာ အားလုံးက သိကြပါတယ်။သူမဟာ BLACKPINK ရဲ့ main dancer တစ်ဦးဖြစ်တဲ့အလျောက် မိမိုက်တဲ့ကကွက်တွေ အလန်းစားဖက်ရှင်တွေနဲ့ ပရိတ်သတ်ရဲ့စိတ်အာရုံကိုဖမ်းစားနိုင်သူဖြစ်ပါတယ်။

Photo Credit From Lalisa Monoban Myanmar
Photo Credit From Lalisa Monoban Myanmar
Photo Credit From Lalisa Monoban Myanmar
Photo Credit From Lalisa Monoban Myanmar

သူမ ဟာ ပရိတ်သတ်များစွာ အားပေးခြင်းခံရတဲ့အပြင် လူကြီးလူငယ်မရွေး အကုန်လုံးရဲ့ချစ်ခြင်းမေတ္တာကိုအပြည့်အဝရရှိထားသူဖြစ်ပါတယ်။သိပ်မကြာသေးခင်က သူမ ရဲ့ LALISA Album ထွက်ရှိခဲ့ပါတယ်။ ပရိတ်သတ်များကလည်း သူမ ရဲ့ သီချင်းတွေကို အလွန်ကြိုက်နှစ်သက်အားပေးနေကြတာတွေ့ရမှာပါ။

Photo Credit From Lalisa Monoban Myanmar
Photo Credit From Lalisa Monoban Myanmar
Photo Credit From Lalisa Monoban Myanmar
Photo Credit From Lalisa Monoban Myanmar

ထိုကဲ့သို့အားပေးနေကြတဲ့ ပရိတ်သတ်တွေထဲမှာ YG Entertainment Producer ရဲ့ သမီးလေးဟာလည်း LISA ရဲ့ Fan Girl လေးအဖြစ် ပါဝင်နေပါတယ်။LISA ဟာ ဒီကလေးလေးအတွက် LISA Signed Album လေးကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။ ကလေးလေးကလည်း LISA Signed Album လေးကို ရတဲ့အချိန်မှာ လက်ထဲကတောင်မချတော့တဲ့အထိကို ပျော်ရွှင်နေ​ခဲ့ပါတယ်။

ဒါ့အပြင် ကလေးလေးရဲ့ အဖေက “ကျေးဇူးတင်ပါတယ်။အန်တီ LISA~❤️❤️” ဆိုပြီး IG မှာ ပြန်လည်တင်ပေးထားပါသေးတယ်။ချစ်စရာကောင်းတဲ့ LISA လေးကို ဆက်လက်အားပေးကြပါဦးနော်။

Photo Credit From Lalisa Monoban Myanmar
Photo Credit From Lalisa Monoban Myanmar
Photo Credit From Lalisa Monoban Myanmar
Photo Credit From Lalisa Monoban Myanmar
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T