ဇာတ်မင်းသားဖိုးချစ်ရဲ့ဖခင် ဆိုင်းပညာရှင်ကြီးဦးစိန်ဝင်းသောင်း ကွယ်လွန်သွားတဲ့သတင်းကိုကြားပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ အနုပညာရှင်များ

//s9.kh1.co/ff/ff3cc25e996c6e46d732e2d1b89dc9067740a0a4.jpg
အနုပညာရှင်များ

 ၂၅-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဇာတ်မင်းသားဖိုးချစ်ရဲ့ဖခင် ဆိုင်းပညာရှင်ကြီးဦးစိန်ဝင်းသောင်း ကွယ်လွန်သွားတဲ့သတင်းကိုကြားပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ အနုပညာရှင်များ

ပြီးခဲ့တဲ့စက်တင်ဘာလ (၂၄) ရက်နေ့မှာညမှာပဲ ဇာတ်မင်းသားဖိုးချစ်ရဲ့ဖခင်ဖြစ်သူ ဆိုင်းပညာရှင်ကြီး ဦးစိန်ဝင်းသောင်းက ဘဝတစ်ပါးပြောင်းသွားကြောင်း သိရှိရတာ ဖြစ်ပါတယ် ။ ဆိုင်းပညာရှင်ကြီး ဦးစိန်ဝင်းသောင်းကွယ်လွန်သွားတဲ့အပေါ် အနုပညာရှင်တွေကလည်း မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ ဖိုးချစ်နဲ့ခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တစ်ချို့ကတော့ ဝမ်းနည်းစကားဆိုလာကြတာ ဖြစ်ပါတယ် ။

Photo Credit-Nyein Chan's FB Acc
Photo Credit-Nyein Chan's FB Acc
Photo Credit-San Min's FB Acc
Photo Credit-San Min's FB Acc

ဖိုးချစ်နဲ့ညီအစ်ကိုတွေ ခင်မင်ရင်းနှီးတဲ့ ဇာတ်မင်းသား ဟန်ဇာမိုးဝင်းကလည်း ဆိုင်းပညာရှင်ကြီးဦးစိန်ဝင်းသောင်း ကွယ်လွန်သွားတဲ့ သတင်းကိုကြားပြီး စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။ ဟန်ဇာမိုးဝင်းက -ငါတို့တွေကြားက ဘာသာရပ်ကို ငါရယ် ကိုဆန်းမင်းရယ် ကိုသျှန်ရယ် သူငယ်ချင်းရယ် ပဲနားလည်ကြတယ်လေ တစ်လုံးသွင်းရင် တစ်သောင်းနော်တဲ့ နားထဲကြားနေဆဲပါဗျာ ဦးလေးကောင်းရာသုဂတိလားပါစေ??????" ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Han Zar Moe Win's FB Acc
Photo Credit-Han Zar Moe Win's FB Acc
https://s9.kh1.co/__image/w=650,h=904,q=100/fb/fb4008715e5d98385e56602d641147e4d742f2bb.jpeg

ဒါ့အပြင် ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း၊ လူရွှင်တော်ငြိမ်းချမ်း၊ သရုပ်ဆောင် မိုးစက်တို့ကလည်း ဖိုးချစ်နဲ့ထပ်တူ ဝမ်းနည်းမိကြောင်း ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ် ။ သရုပ်ဆောင် ညီနန္ဒကလည်း " အစားထိုးမရတဲ့ မဟာတံတိုင်းကြီးတွေ အထပ်ထပ် ပြိုလဲကုန်ပြီ...ထပ်တူခံစားရပါတယ် ညီလေး...ညီလေးဖိုးချစ်ရဲ့ဖခင်ကြီး ဆိုင်းပညာရှင် ဦးကြီးစိန်ဝင်းသောင်း မြင့်မြတ်တဲ့ဘုံဘဝ ရောက်ရှိပါစေ" ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ် ။အနုပညာရှင်တွေက သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ဇာတ်မင်းသားဖိုးချစ်ကို အားပေးစကားဆိုနေကြတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Han Zar Moe Win's FB Acc, Nyi Nanda's FB Acc & Poe Chit's FB Acc

Photo Credit-Swan Zarni's FB Acc
Photo Credit-Swan Zarni's FB Acc
Photo Credit-Nyi Nanda's FB Acc
Photo Credit-Nyi Nanda's FB Acc
Photo Credit-Moe Sat's FB Acc
Photo Credit-Moe Sat's FB Acc
Photo Credit-Phoe Chit's FB Acc
Photo Credit-Phoe Chit's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T