ကိုဗစ်ရောဂါကူးစက်ခံစားနေရတဲ့အတွက် အနားယူနေရတဲ့အကြောင်း ပြောပြလာတဲ့ အဆိုတော်နီလန်း

//s9.kh1.co/f3/f3f4a599ff894f674f03b008ba3f1934527fc17b.jpeg
အနုပညာရှင်များ

 ၂၄-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

အဆိုတော်နီလန်းကတော့ အနုပညာပိုင်းမှာ အောင်မြင်စွာရပ်တည်တဲ့အပြင် အလှအပမှာလည်း မိန်းကလေးတွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကာ ကိုယ်ပိုင်စီးပွားရေးတွေလုပ်ဆောင်နေသူပဲ ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသူလေးဖြစ်တဲ့ နီလန်းကတော့ Myanmar Idol ပြိုင်ပွဲကနေ ပရိသတ်တွေရဲ့ အသိအမှတ်ပြုအားပေးမှုတွေကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ 

Photo Credit - NileN Beauty's Fb Page
Photo Credit - NileN Beauty's Fb Page
Photo Credit - NileN Beauty's Fb Page
Photo Credit - NileN Beauty's Fb Page

လက်ရှိပြည်တွင်းရေး အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့ ရပ်တည်နေတဲ့ နီလန်းကတော့ ကိုဗစ်ရောဂါကူးစက်ခံစားနေရတာကြောင့် အနားယူနေရတဲ့အကြောင်းတွေ ဝေမျှပြောပြလာပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ကိုဗစ်ရောဂါကူးစက်ခံစားနေရတာဖြစ်ပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြောပြထားတာပါ။

Photo Credit - NileN Beauty's Fb Page
Photo Credit - NileN Beauty's Fb Page
Photo Credit - NileN Beauty's Fb Page
Photo Credit - NileN Beauty's Fb Page

ကျန်းမာရေးမကောင်းတာကြောင့် NileN Beauty Service လေးတွေကို ခဏလောက် အနားယူခွင့် ပေးကြဖို့လည်း ပြောထားပြီး နေပြန်ကောင်းတာနဲ့ အလုပ်တွေပိုကြိုးစားမယ့်အကြောင်းတွေလည်း နီလန်းက ပြောပြထားပါသေးတယ်။ ပရိသတ်တွေအားလုံးကလည်း သူမအတွက် စိတ်ပူကာ ဂရုစိုက်ဖို့ပြောထားကြသလို အမြန်ဆုံးနေကောင်းကျန်းမာလာစေဖို့ကိုလည်း အားပေးဆုတောင်းထားကြတာ တွေ့ရပါတယ်။

Photo Credit - NileN Beauty's Fb Page
Photo Credit - NileN Beauty's Fb Page

သတင်း အရင်းအမြစ်NileN Beauty's Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T