အသက် (၉၂)နှစ်ဖြစ်နေပေမယ့် ခေါ်ပျဉ်လေးရောင်းနေရတဲ့အဘွားအတွက် ငွေလေးသိန်းကျော်ထောက်ပံ့ပေးခဲ့တဲ့ လူရွှင်တော်မိုးစက်

//s9.kh1.co/df/df8f8b89a54f64b64c1c883aa943baac981c0e1f.jpg
အနုပညာရှင်များ

 ၂၄-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လူရွှင်တော်မိုးစက်ဟာ လတ်တလောမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ မိုးစက်ဟာ ကိုယ်တိုင်လည်းရရှိတဲ့အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို အများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိသူပါ ။

Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc

မိုးစက်ဟာ တက်သစ်စဟာသလူရွှင်တော်လေးဖြစ်ပေမယ့် သက်ကြီးရွယ်အိုလူရွှင်တော်ကြီးတွေအတွက်လည်း လှူဒါန်းပူဇော်မှုတွေပြုလုပ်ပေးနေပြီး တတ်နိုင်သလောက်အလှူတွေခံပေးကာ ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အခုအခါမှာဆိုရင်လည်း လူရွှင်တော်မိုးစက်ဟာ အသက် (၉၂)နှစ်အရွယ် ရှိနေပေမယ့် ခေါ်ပျဉ်ရောင်းနေရတဲ့ အဘွားဒေါ်စာဥအတွက် တတ်နိုင်သရွေ့လေး လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc

အလှူငွေ လေးသိန်းခုနစ်သောင်းကျော် ရရှိခဲ့တာကြောင့် ရရှိသောငွေလေးတွေအလေအလွင့်မဖြစ်စေဖို့အတွက် တစ်လလျှင် လစဉ်(၁၅)ရက်နေ့တိုင်း (၇၀၀၀၀)ကျပ်နဲ့ ဆန်တစ်အိတ်ကို (၅)လတိတိလှူဒါန်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။

Photo credit-Moe Sat's Facebook acc
Photo credit-Moe Sat's Facebook acc

သတင်း အရင်းအမြစ်Moe Sat's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T