မိသားစု စုံစုံညီညီနဲ့ကျိုက်ထီးရိုးဘုရားသွားရောက်ဖူးမြော်ကြရင်း ကုသိုလ်ယူခဲ့ကြတဲ့ ဘေဘီမောင်နဲ့သံစဉ်မောင်

//s9.kh1.co/81/81598ac5e32991be5ca8558acc283d392f954899.jpg
အနုပညာရှင်များ

 ၂၄-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဘေဘီမောင်က အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားသူ တစ်ယောက်ပါ ။ ဒါ့ပြင်လေးစားစရာကောင်းတာကတော့ သူမဟာအနုပညာရှင်တစ်ယောက် ဖြစ်ပေမယ့်လည်း ပရဟိတ အလုပ်တွေကို တတ်နိုင်သ၍ ကူညီလုပ်ကိုင်ကာ အလှူအတန်းတွေကို မကြာခဏ ပြုလုပ်တတ်သူတစ်ဦးပဲ ဖြစ်ပါတယ်....။

Photo credit-Than Sin Maung's Facebook acc
Photo credit-Than Sin Maung's Facebook acc
Photo credit-Than Sin Maung's Facebook acc
Photo credit-Than Sin Maung's Facebook acc

ဘေဘီမောင်ရဲ့ ညီမလေးဖြစ်တဲ့သံစဉ်မောင်ကလည်း အစ်မဖြစ်သူရဲ့ခြေရာကိုနင်းကာအနုပညာအလုပ်တွေကို လုပ်ကိုင်နေသူလည်းဖြစ်ပြီး သူမရဲ့ ကျစ်လျစ်လှပတဲ့‌ဘော်‌ဒီလေးကြောင့် ပရိသတ်တွေရဲ့ အားပေး၀န်းရံမှုအများအပြားရရှိနေတာလည်းဖြစ်ပါတယ်။ အခုဆိုရင်လည်း ဘေဘီမောင်နဲ့ သံစဉ်မောင်တို့ညီအစ်မနှစ်ယောက်ဟာ မိသားစုနဲ့အတူ ကျိုက်ထီးရိုးဘုရားဖူး ခရီးသွားခဲ့ကြတာဖြစ်ပါတယ် ။

Photo credit-Than Sin Maung's Facebook acc
Photo credit-Than Sin Maung's Facebook acc
Photo credit-Than Sin Maung's Facebook acc
Photo credit-Than Sin Maung's Facebook acc

မိသားစု၀င်တွေအပြင် ဦးဇင်းတစ်ပါးနဲ့ သီလရှင်ဆရာလေးတစ်ပါးပါ အပါအ၀င်ဖြစ်ပြီး အားလပ်ချိန်လေးမှာ ဘုရားဖူးကုသိုလ်ယူခဲ့ကြတာဖြစ်ပါတယ် ။ မိသားစုလိုက်ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း သံစဉ်မောင်ဟာ သူမရဲ့ Facebook စာမျက်နှာမှာတင်ပေးလာခဲ့ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Than Sin Maung's Facebook acc
Photo credit-Than Sin Maung's Facebook acc

သတင်း အရင်းအမြစ်Than Sin Maung's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T