ကြက်တူရွေးအကောင်ပေါင်း ၃၀၀၀ ခန့်ကို နေ့စဉ်နေ့တိုင်း အစားကျွေးတဲ့ ငှက်လူသား

//s9.kh1.co/fa/fa8a75053deb5eb30537b9c8548231e7f29893b1.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ငှက်အကောင်ပေါင်း ၃၀၀၀ ခန့်ကို အမြဲအစာကျွေးနေသူကတော့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်မြို့က Harsukh Bhai Dobariya ဆိုတဲ့ မြေပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ၂၀၀၀ ခုနှစ်လောက်တုန်းက ခြေထောက်ကျိုးခဲ့ပြီး အိပ်ယာထဲမှာ အမြဲနေခဲ့ရသူပါ။ အိမ်နီးချင်းတစ်ယောက် ကောက်နှံတွေဝယ်လာတာကိုမြင်တော့ သူအကြံတစ်ခုရခဲ့ပါတယ်။ အဲဒါကတော့ ကောက်နှံတချို့ကို လသာဆောင်မှာ ထားဖို့ပါ။

https://s9.kh1.co/__image/w=650,h=488,q=100/62/62fdd0768570a2b8ad70293e7c5881e8d578e8df.jpeg
https://s9.kh1.co/__image/w=500,h=375,q=100/58/582160790bbbb16b7687b294dd073a320d67ee08.jpg

ကောက်နှံတချို့ကို လသာဆောင်မှာထားပြီး စောင့်ကြည့်တဲ့အခါ ကြက်တူရွေးလေးတစ်ကောင်ဟာ သူထားထားတဲ့ကောက်နှံကိုစားနေတာကို မြင်တွေ့ရလို့ အလွန်ကြည်နူးခဲ့တယ်လို့ ဆိုပါတယ်။ နောက်နေ့တွေမှာလည်းကောက်နှံတွေကိုထားထားပေးတဲ့အခါ ကြက်တူရွေး ၂ ကောင် နောက် ၄ ကောင် နောက်တဖြည်းဖြည်းများလာပြီး ရာဂဏန်းကျော်လာခဲ့ပါတယ်။ ကြက်တူရွေးတွေကို အစာကျွေးရတဲ့အတွက် သူအလွန်ပျော်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/8a/8ae41c588625e33cdbae10a6443d7dab85bc446b.jpg
https://s9.kh1.co/__image/w=500,h=375,q=100/32/32de545c121c8a042e41e4b71c390acf66b98203.jpg

ဒါပေမယ့် အိမ်နီးချင်းတွေအတွက်တော့ သူအစာကျွေးတဲ့ငှက်တွေဟာ များပြားလွန်းတာကြောင့် ဒုက္ခပေးသလိုဖြစ်နေပါတယ်။ ငှက်တွေကို အစာကျွေးချင်လွန်းတဲ့သူဟာ အိမ်နီးချင်းတွေကို စိတ်အနှောက်အယှက်မပေးလိုတာကြောင့် မြို့လယ်က အိမ်ကိုစွန့်ကာ မြို့စွန်မှာ ၄ ဧက မြေကိုဝယ်ကာ လွတ်လွတ်လပ်လပ်ကျွေးပါတော့တယ်။ အခုဆိုရင် သူ့ဆီလာစားတဲ့ ကြက်တူရွေးအကောင်ပေါင်း ၂၅၀၀ ကနေ ၃၀၀၀ ကြားရှိနေပြီဖြစ်ပါတယ်။ သူ့ကိုလည်း လူတချို့က ခုလိုငှက်တွေကို အစားကျွေးလေ့ရှိတာကြောင့် ငှက်လူသားလို့ ခေါ်ကြလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=500,h=281,q=100/e4/e4d9e7e5614aa0bdb5f22c72a570217eccda56e2.png
https://s9.kh1.co/__image/w=650,h=342,q=100/4f/4f940091e4312debaea642cbc20973672b63c3a0.jpeg

သတင်း အရင်းအမြစ်Thebitterindia

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T