ပူတင်းကိတ်လေးတွေစားပြီး ပျော်ရွှင်နေကြတဲ့ကလေးငယ်လေးတွေကိုကြည့်ကာ ချစ်မ၀ဖြစ်ရင်း ပျော်ရွှင်ကြည်နူးမိနေတဲ့ခိုင်နှင်းဝေ

//s9.kh1.co/e4/e40ba1a6f8336426b3f07e835c978bf81ff9fae9.jpg
အနုပညာရှင်များ

 ၂၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ ခိုင်နှင်း‌ဝေဟာ လတ်တလောပြည်သူတွေကြုံတွေ့နေရတဲ့ အောက်ဆီဂျင်အခက်အခဲတွေ၊ စား၀တ်နေရေးအခက်အခဲတွေနဲ့ ရေဘေးသင့်အခက်အခဲတွေကိုပါ စိတ်အားတက်ကြွစွာနဲ့ပါ၀င် ကူညီပေးနေတဲ့အပြင် မိဘမဲ့ဂေဟာကိုလည်းဦးစီးကာ ရင်ခွင်မဲ့ ကလေးလေးတွေအတွက် မိဘပမာစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

ခိုင်နှင်းဝေရဲ့ မိဘမဲ့ဂေဟာလေးဟာ တဖြည်းဖြည်းနဲ့ ကလေးလေးတွေများလာနေပြီး စွန့်ပစ်ခံထားရတဲ့ကလေးလေးတွေကို ကိုယ်တိုင်ခေါ်ယူမွေးစားကာ အစားအသောက်၊ အနေအထိုင်၊ အ၀တ်အစားတွေကအစ ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်မှုပေးနေတဲ့ ဂေဟာလေးဖြစ်ပါတယ် ။ ကလေးငယ်လေးတွေဟာလည်း အရမ်းလိမ္မာကြပြီး ခိုင်နှင်းဝေကလည်း ကလေးတစ်ယောက်စီတိုင်းကို မိခင်အရင်းပမာ ဂရုစိုက်ကြင်နာတဲ့သူဖြစ်ပါတယ်။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

အခုဆိုရင်လည်း ခိုင်နှင်းဝေဟာ ကလေးငယ်လေးတွေကို အဆာပြေပူတင်းကိတ်လေးတွေကျွေးရင်း ဂရုစိုက်မှုပေးနေတဲ့ ကြည်နူးစရာပုံလေးတွေကို တင်ပေးလာပါတယ် ။ ကလေးငယ်လေးတွေကလည်း ပူတင်းကိတ်လေးတွေအားရပါးရစားကြရင်း မေမေခိုင်နှင်းဝေနားကပ်ကာ ချွဲနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc
Photo credit-Khine Hnin Wai's Facebook acc

သတင်း အရင်းအမြစ်Khine Hnin Wai's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T