အိန္ဒိယက အံ့ဩစရာကောင်းလောက်အောင် လယ်ထွန်စက်နဲ့ စတန့်ပြနိုင်ခဲ့သူ

//s9.kh1.co/a9/a96c6a0f0d7c90c36bb679d759f8cd984c3aecca.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

Bollywood ကားတွေမှာ ပရိသတ်ကြီးလည်း လန်းထွက်နေတဲ့ အလန်းစား အကွက်တွေ မြင်ဖူးမှာပါ။ ခုဆိုရင်လည်း အိန္ဒိယ နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်က Gaggi Bansra ဆိုတဲ့ အသက် ၂၁နှစ်အရွယ် လယ်သမားလေး တစ်ယောက်ဟာ လယ်ထွန်စက်နဲ့ စတန့်ထွင်ပြနိုင်ဖို့ လေးနှစ်ကျော်လောက် ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ သူဟာ သူ့အဖေရဲ့ လယ်မြေ မှာ အလုပ်လုပ်နေစဉ် လယ်ထွန်စက်နဲ့ စတန့်ထွင်ဖို့ စိတ်ကူးရခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/40/40957e9feedcfad7575b8675ee6c8f7ef3162b82.jpg
https://s9.kh1.co/__image/w=615,h=410,q=100/ac/ac9b42f13aa34946874497624fd790b5bc020c37.jpg

သူဟာ ငယ်စဉ်ကတည်းက စတန့်ထွင်ရတာကို ၀ါသနာပါသူဖြစ်ပြီး လယ်သမားကြီးရဲ့ တစ်ဦးတည်းသော သားလည်းဖြစ်ပါတယ်။ Gaggi ကပြောကြားရာမှာ "ကျွန်တော်က အခုလို စတန့်ထွင်ပြီး လယ်ထွန်စက်ကို မောင်းရတာကိုသဘောကျပါတယ်။ စတန့်ထွင် ရတဲ့အချိန်မှာ ပြောမပြတတ်အောင် ပျော်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ သူဟာ မော်တော်ဆိုင်ကယ် ပိုင်ဆိုင်ဖို့ ရည်မှန်းခဲ့ပေမယ့် ၀ယ်ဖို့မတတ်နိုင်တာကြောင့်ရှိတဲ့ လယ်ထွန်စက်နဲ့ပဲ စတန့်ထွင်ဖို့ လေ့ကျင့်ခဲ့ရတာပါ။

https://s9.kh1.co/__image/w=634,h=403,q=100/82/826d6c88a9980764f802c3145224d065fe308e1a.jpg
https://s9.kh1.co/__image/w=634,h=546,q=100/c5/c530385685126a4aff521b249f577a97b5639edb.jpg

သူကဆက်ပြီး "ကျွန်တော် စတန့်ထွင်တဲ့ ဗီဒီယိုတွေ တစ်ခါမှ မကြည့်ဖူးပါဘူး၊ ဒီလို လယ်ထွန်စက်အကြီးကြီး တွေ နဲ့စတန့်ထွင် ကြည့်ဖို့ စိတ်ကူးရခဲ့ပါတယ်။ အစပထမမှာတော့ စတန့်ထွင်ဖို့ တကယ်မလွယ်ကူခဲ့ပါဘူး၊ လယ်ထွန်စက်က လှုပ်တောင်မလှုပ်ခဲ့ဘူး၊ ဒါပေမယ့် သုံးလအကြာမှာတော့ လုပ်နိုင်ခဲ့ပါတယ်" လို့သူကပြောပါတယ်။ သူရဲ့ကြိုးစားမှုကတော့ တကယ်အံ့မခန်းပါပဲ။

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T