ပျားအုံပေါ် ဘောင်းဘီမပါပဲ ထိုင်ခဲ့ရာမှ မင်္ဂလာဆောင်စရိတ် ရရှိသွားသူရဲ့ Video

//s9.kh1.co/05/05f5adca3cb78ec0454334fb8776fb47c5068d17.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဒီအဖြစ်အပျက်လေးကတော့ နယူးဇီလန်နိုင်ငံသား Jamie Grainger ဆိုသူက သူ့ရဲ့သူငယ်ချင်းနဲ့ ယခုလိုလောင်းကစားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Jamie Grainger ဟာ သူရဲ့သူငယ်ချင်းဖြစ်သူ Aurel နဲ့ အလောင်းအစားတစ်ခု ပြုလုပ်ခဲ့တာဖြစ်ပြီး ဘောင်းဘီမပါပဲ ပျားအုံပေါ်မှာ စက္ကန့်သုံးဆယ်အတိ ထိုင်နိုင်တယ်ဆိုရင် နယူးဇီးလန်ဒေါ်လာတစ်ထောင်ပေးဖို့ စိန်ခေါ်ခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/95/95ed5496805a746532909bfa1f6037943dc9aa68.jpg
https://s9.kh1.co/__image/w=650,h=650,q=100/4e/4e071e53995f7040ed6129bd076a04ee28f467fd.jpg

သူတို့သူငယ်ချင်းတွေကတော့ ယခုလို ပေါက်ကရပြိုင်ပွဲလေးတွေ ပြုလုပ်တဲ့အကျင့်တွေရှိကြပါတယ်။ သူတို့တွေဟာ သူငယ်ချင်းကြားမှာ ပက်ကျိတွေ ဝက်ဝှေးစေ့တွေနဲ့ ငါးအရှင်တွေရဲ့မျက်လုံးတွေကို စားနိုင်မနိုင် အလောင်းအစားလုပ်လေ့ရှိသူတွေလည်း ဖြစ်ပါတယ်။ ယခုအခါလည်း ပျားအုံပေါ်မှာ ဘောင်းဘီမပါပဲ ထိုင်နိုင်မလားဆိုတာလောင်းခဲ့ကြတာဖြစ်ပါတယ်။ Aurel ဘက်ကစတင်စိန်ခေါ်ခဲ့တာလို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=576,h=1027,q=100/fd/fd3a6bd16c497343c5ad572a9338fe208f8c83a1.jpg
https://s9.kh1.co/__image/w=650,h=619,q=100/d0/d0f897033b15c974e6d308c92a8a18fc50f88e58.jpg

သူငယ်ချင်းတွေထဲကတစ်ယောက်က ပထမဦးဆုံးယှဉ်ပြိုင်ခဲ့ပြီး ၁၉စက္ကန့်သာ ပျားအုံပေါ်မှာထိုင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ Jamie ကတော့ ပြိုင်ပွဲစည်းကမ်းအတိုင်း သုံးဆယ်စက္ကန့်အထိပျားအုံပေါ်မှာထိုင်နိုင်ခဲ့ပါတယ်။ပြိုင်ပွဲအောင်နိုင်ခဲ့သူ Jamie ကတော့ နယူးဇီလန်ဒေါ်လာတစ်ထောင်(အမေရိကန်ဒေါ်လာ၆၅၀)ရရှိသွားခဲ့တယ်လို့သိရပါတယ်။ ရရှိခဲ့တယ့်ငွေတွေကြောင့် အောင်နိုင်သူ Jamie ဟာ မင်္ဂလာဆောင်ဖို့အတွက် စရိတ်ရရှိသွားခဲ့တယ်လို့လည်း သိရှိရပါတယ်။ 

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T