ရေမွန်ကွယ်လွန်ခြင်း (၃)လပြည့်အနေနဲ့ ချို့တဲ့ပြည်သူတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့တဲ့ ညီမဖြစ်သူလပြည့်ကဗျာ

//s9.kh1.co/16/160bf667d1dab715847725645fd53d14ba77d7e9.jpg
အနုပညာရှင်များ

 ၂၄-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

နာမည်ကျော် အဆိုတော်ရေမွန် ကွယ်လွန်ဆုံးပါးသွားတာဟာ စက်တင်ဘာလ (၂၃)ရက်နေ့မှာဆိုရင် သုံးလတိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အရည်အချင်းရှိပြီး တန်ဖိုးရှိလှတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အခုထက်ထိလည်း ပရိသတ်တွေဟာ ရေမွန်အတွက်၀မ်းနည်းနေကြဆဲဖြစ်ပြီး အလှူဒါနတွေနဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း ပြုလုပ်ပေးနေကြတာဖြစ်ပါတယ် ။ ရေမွန့်အမှတ်တရအနေနဲ့ တီရှပ်တွေလည်းထုတ်ကြသလို Raymond's Treeဆိုတဲ့ ကမ်ပိန်းလေးလည်းပြုလုပ်ကြတာကို တွေ့ရပါတယ်။

Photo credit-Lapyae Gabyar's Facebook acc
Photo credit-Lapyae Gabyar's Facebook acc
Photo credit-Lapyae Gabyar's Facebook acc
Photo credit-Lapyae Gabyar's Facebook acc

မိခင်ဖြစ်သူကလည်း ရေမွန်ကွယ်လွန်ခြင်းသုံးလပြည့်လေးမှာ ကိုယ်တိုင်ဆွမ်းချက်ပြီး လှူဒါန်းပူဇော်ခဲ့သလို ညီမဖြစ်သူလပြည့်ကဗျာကလည်း အလှူလေးပြုလုပ်ခဲ့ပါတယ် ။ စည်ပင်၀န်ထမ်းတွေအတွက် ဆန်တစ်ပြည်၊ လက်ဖက်ရည်ထုပ်၊ ခေါက်ဆွဲခြောက်ထုပ်နဲ့ အလှူငွေတစ်ချို့လိုက်လံလှူဒါန်းခဲ့ပြီး ဘုရားမှာလည်း ရွှေသင်္ကန်းသွားရောက်ကပ်လှူခဲ့တာဖြစ်ပါတယ်.....။

Photo credit-Lapyae Gabyar's Facebook acc
Photo credit-Lapyae Gabyar's Facebook acc
Photo credit-Lapyae Gabyar's Facebook acc
Photo credit-Lapyae Gabyar's Facebook acc

မိသားစုတွေ ကိုယ်စီအလုပ်ရှုပ်ကြတာကြောင့် ရွှေတိဂုံဘုရားကို မိသားစုစုံစုံလင်လင်နဲ့ မတက်ရောက်ခဲ့ဖူးကြောင်းကိုလည်း လပြည့်ကဗျာက စိတ်မကောင်းစွာရေးသားထားတာ တွေ့ရပါတယ် ။ ရေမွန်တစ်ယောက်လည်း ကောင်းရာမွန်ရာဘ၀ကိုရောက်ရှိပြီး လူ့ဘ၀ကိုပြန်ရောက်တဲ့အခါမှာလည်း မိစုံဖစုံနဲ့ပြည့်ပြည့်စုံစုံနေရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo credit-Lapyae Gabyar's Facebook acc
Photo credit-Lapyae Gabyar's Facebook acc

သတင်း အရင်းအမြစ်Lapyae Gabyar's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T