လွတ်မြောက်နယ်မြေတစ်နေရာမှာ အဆင်ပြေသလိုနေထိုင်စားသောက်နေရပေမယ့် ပြုံးပျော်ရွှင်နေတဲ့ မင်းမော်ကွန်းရဲ့ သားအငယ်ဆုံးလေး

//s9.kh1.co/73/733fd881459bcad5e196f7a71fc2f4e63fbf114c.jpg
အနုပညာရှင်များ

 ၂၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

လွတ်မြောက်နယ်မြေတစ်နေရာမှာ အဆင်ပြေသလိုနေထိုင်စားသောက်နေရပေမယ့် ပြုံးပျော်ရွှင်နေတဲ့ မင်းမော်ကွန်းရဲ့ သားအငယ်ဆုံးလေး

သရုပ်ဆောင်မင်းမော်ကွန်းကတော့ အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ တတ်တတ်ကြွကြွပါဝင်ခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ပြည်သူတွေဘက်ကနေ ရပ်တည်ခဲ့ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခြင်းခံထားရတဲ့ သူကတော့ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေသူ ဖြစ်ပါတယ်။ အစစအရာရာကို စွန့်လွှတ်ပြီး နွေဦးတော်လှန်ရေးဆင်နွှဲနေတဲ့ မင်းမော်ကွန်းကတော့  ပြည်သူတွေရဲ့ လေးစားခြင်းကို ခံထားရသူ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

သားနှစ်ယောက်၊ဇနီးသည်နဲ့အတူ လွတ်မြောက်နယ်မြေတစ်နေရာမှာ နေထိုင်နေတဲ့ မင်းမော်ကွန်းကတော့ အခက်အခဲတွေ ရင်ဆိုင်နေရပေမယ့်လည်း တစ်ခြားလူရဲ့ အကူအညီကို ယူလေ့မရှိသူဖြစ်ပါတယ်။ အခက်အခဲတွေရှိပေမယ့် မညည်းမညူဘဲ တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ သူကတော့ မိသားစုနဲ့အတူ အဆင်ပြေသလို နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ယခုမှာတော့ မင်းမော်ကွန်းတစ်ယောက်ဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ သားအငယ်ဆုံးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Min Mawkunn ' s Ig Acc 
Photo Credit: Min Mawkunn ' s Ig Acc 

အဆင်ပြေသလို နေထိုင်စားသောက်နေရပေမယ့် ပြုံးပျော်ရွှင်နေတဲ့ သားအငယ်ဆုံးလေးကို မင်းမော်ကွန်းက ဓာတ်ပုံရိုက်ကူးပြီး မှတ်တမ်းတင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ရောက်ရာအရပ်ကနေ အာဏာရှင်ကို တွန်းလှန်နေကြတဲ့ မင်းမော်ကွန်းတို့ မိသားစုလေးကို ပြည်သူတွေက လေးစားနေကြတာ ဖြစ်ပြီး ယခုမှာလည်း မင်းမော်ကွန်းသားအငယ်ဆုံးလေးရဲ့ ပုံလေးတွေကို ကြည့်ကာ ချစ်ခင်နေကြပါတယ်။ လွတ်မြောက်နယ်မြေတစ်နေရာမှာ နေထိုင်နေတဲ့ မင်းမော်ကွန်းသားအငယ်ဆုံးလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Min Mawkunn ' s  Ig Acc 

Photo Credit: Min Mawkunn ' s Ig Acc 
Photo Credit: Min Mawkunn ' s Ig Acc 
Photo Credit: Min Mawkunn ' s  Ig Acc 
Photo Credit: Min Mawkunn ' s Ig Acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T