ထိုင်းမင်းသားချော Mark Prin နဲ့ ထိုင်းမင်းသမီးချော Kimmy တို့ကတော့ ထိုင်းနိုင်ငံမှာသာမက မြန်မာနိုင်ငံမှာပါ ပရိသတ်တွေ အများအပြားရရှိပြီး အောင်မြင်နေတဲ့ နာမည်ကြီးအနုပညာရှင်တွေ ဖြစ်ကြပါတယ်။ ဇာတ်လမ်းတွဲတွေ၊ကြော်ငြာတွေ အတူရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေကြတဲ့ Mark နဲ့ Kim တို့က အင်မတန် လိုက်ဖက်ညီတဲ့စုံတွဲလေးပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ထိုင်း Cele တွေထဲမှာ ပရိသတ်တွေ အားကျရဆုံးစုံတွဲလေးအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ် ။
လက်ရှိမှာလည်း Mark နဲ့ Kim တို့ချစ်သူနှစ်ဦးက ခရီးတွေထွက်ရင်း ပျော်ရွှင်နေကြတာကို သူတို့ရဲ့Instagram Update တွေကတစ်ဆင့် တွေ့နေရတာ ဖြစ်ပါတယ်။ ဒီနှစ် Anniversary မှာတော့ Mark တို့စုံတွဲက ကမ်းခြေကိုနှစ်ယောက်တည်း ခရီးထွက်ခဲ့ကြပြီး ကြည်နူးစရာအမှတ်တရတွေကို အတူဖန်တီးခဲ့ကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့စက်တင်ဘာလ (၂၂)ရက်နေ့က Mark နဲ့ Kimmy တို့စုံတွဲရဲ့ချစ်သူသက်တမ်း (၈)နှစ်ပြည့်နေ့လေးပဲ ဖြစ်ပါတယ် ။
ဒါကြောင့် မနေ့ကဆိုရင် သူတို့စုံတွဲလေးက Instagram မှာ Romantic ဆန်ဆန် ကြည်နူးနေတဲ့ အမှတ်တရတွေကို မျှဝေထားတာ တွေ့ရပါတယ် ။ ကမ်းခြေမှာ ဝိုင်အတူထိုင်သောက်ရင်း ညနေဆည်းဆာအလှကို ခံစားနေတဲ့ Mark တို့စုံတွဲရဲ့ပုံရိပ်တွေက ပရိသတ်တွေကိုပါ အားမကျဘဲမနေနိုင်လောက်အောင် ဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ နာမည်ကြီး ထိုင်း Cele စုံတွဲဖြစ်တဲ့ Mark နဲ့ Kimmy တို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေနဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source & Video Credit-Mark Prin's IG Acc & Kimmy's IG Acc