အားလပ်ချိန်တိုင်းမှာ ဂေဟာက ကလေးငယ်လေးတွေကို ပြုစုစောင့်ရှောက်ရင်းမိခင်မေတ္တာအပြည့်ပေးနေရှာတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/d4/d4ee6dba7ec5c4c13a65cdd1c675a1bde6c9b698.jpg
အနုပညာရှင်များ

 ၂၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ခိုင်နှင်းဝေရဲ့ဂေဟာမှာ နေထိုင်တဲ့ ကလေးငယ်တွေအကုန်လုံးက မိဘမေတ္တာကိုမရရှိကြတဲ့ ရင်ခွင်မဲ့ကလေးငယ်လေးတွေဖြစ်ကြပေမယ့် ခိုင်နှင်းဝေက မိဘအရင်းပမာ ဂရုစိုက်ကြင်နာပြီး နွေးထွေးမှုအပြည့်ပေးတာကြောင့် ကလေးငယ်လေးတွေအကုန်လုံးဟာ ကျန်းကျန်းမာမာနဲ့ ချစ်စရာကောင်းနေကြတာလည်း ဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ မွန်မြတ်လှတဲ့ပရဟိတစိတ်ဓာတ်လေးနဲ့ အလှူအတန်းတွေကြောင့် ပရိသတ်တွေကလည်း သူမကိုလေးစားဂုဏ်ယူနေကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ခိုင်နှင်းဝေရဲ့ ချစ်စရာကလေးလေးတွေကြောင့် ပရိသတ်တွေကလည်း အချစ်တွေပိုနေကြပြီး လှူဒါန်းမှုတွေပြုလုပ်ပေးကြသလို ကလေးလေးတွေကလည်း တကယ်ကိုမျက်နှာချိုချိုလေးတွေနဲ့ အရမ်းချစ်စရာကောင်းကြပါတယ် ။ ခိုင်နှင်းဝေရဲ့ မိဘမဲ့ဂေဟာလေးဟာ တဖြည်းဖြည်းနဲ့ ကလေးလေးတွေများလာနေပြီး စွန့်ပစ်ခံထားရတဲ့ကလေးလေးတွေကို ကိုယ်တိုင်ခေါ်ယူမွေးစားကာ အစားအသောက်၊ အနေအထိုင်၊ အ၀တ်အစားတွေကအစ ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်မှုပေးနေတဲ့ ဂေဟာလေးဖြစ်ပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader

မကြာသေးမီကလည်း ခိုင်နှင်းဝေဟာသူမရဲ့ Facebookစာမျက်နှာလေးမှာ ဂေဟာက ကလေးငယ်လေးတွေနဲ့ အားလပ်ချိန်လေးမှာအတူနေထိုင်ရင်း ဂရုစိုက်စောင့်ရှောက်နေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကလေးငယ်လေးတွေဟာလည်း သနပ်ခါးလေးတွေနဲ့အရမ်းချစ်စရာကောင်းကြသလို အင်္ကျီ‌ဆင်တူလေးတွေ၀တ်ကာ ပျော်နေကြတာပါ။ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Khine Hnin Wai's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T