သူမနဲ့အရမ်းအတွဲညီတဲ့ မင်းသားချော Naphat နဲ့ ရိုက်ကွင်းပေါ်မှာ ပျော်ပျော်ရွှင်ရွှင်ဓာတ်ပုံရိုက်ရင်း ချစ်စဖွယ်အမူအရာလေးတွေလုပ်ပြနေတဲ့ Baifern

//s9.kh1.co/cd/cdf408367902f6f275a8e6d00a3e007fa5f32a34.jpeg
အနုပညာရှင်များ

 ၂၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

သူမနဲ့အရမ်းအတွဲညီတဲ့ မင်းသားချော Naphat နဲ့ ရိုက်ကွင်းပေါ်မှာ ပျော်ပျော်ရွှင်ရွှင်ဓာတ်ပုံရိုက်ရင်း ချစ်စဖွယ်အမူအရာလေးတွေလုပ်ပြနေတဲ့ Baifern

တရုတ်-ထိုင်း ကပြားမင်းသမီး​လေးဖြစ်တဲ့ Baifern Pimchanok ကတော့ အောင်မြင်မှုတွေနဲ့ ထိုင်းအနုပညာလောကမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။Baifern က (၁၆၅)စင်တီမီတာရှည်တဲ့အရပ်နဲ့ ခန္ဓာကိုယ်လေးကသွယ်လျပြီး ချစ်စဖွယ်မျက်နှာလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။စိတ်ထားလေးပြည့်ဝပြီး အမြဲပျော်ပျော်နေတတ်တဲ့Baifern ကတော့ အခုချိန်မှာ အသက် (၂၉)အရွယ်ရှိနေပြီဖြစ်လို့ ရင့်ကျက်တည်ငြိမ်တဲ့အလှတရားနဲ့တစ်နေ့တခြားလှသွေးကြွယ်နေတာပဲဖြစ်ပါတယ်။

Photo Credit:Naphat’s Instagram acc 
Photo Credit:Naphat’s Instagram acc 
Photo Credit:Naphat’s Instagram acc 
Photo Credit:Naphat’s Instagram acc 

Baifern ကတော့ လတ်တလောမှာဆိုရင် မင်းသားချော Naphat နဲ့ ဇာတ်ကားအတူတူရိုက်ကူးနေတာပဲဖြစ်ပါတယ်။Baifern နဲ့ Naphat တို့နှစ်ယောက် အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ "Friend Zone " ရုပ်ရှင်ဇာတ်ကားကြီးဆိုရင် ထိုင်းနိုင်ငံမှာတင်မကဘဲ မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံအသီးသီးမှာပါ အောင်မြင်ခဲ့တာဖြစ်ပါတယ်။Baifern တို့နှစ်ယောက်ကလည်း ဇာတ်ကားထဲမှာ အရမ်းအတွဲညီပြီး အပေးအယူမျှတစွာနဲ့ သရုပ်ဆောင်နိုင်လို့ ပရိသတ်တွေရဲ့ရင်ထဲကိုစွဲငြိစေခဲ့ပါတယ်။

Photo Credit:Naphat’s Instagram acc 
Photo Credit:Naphat’s Instagram acc 
Photo Credit:Naphat’s Instagram acc 
Photo Credit:Naphat’s Instagram acc 
Photo Credit:Naphat’s Instagram acc 
Photo Credit:Naphat’s Instagram acc 

Baifern က အမြဲပျော်ပျော်နေတတ်တဲ့သူလေးဖြစ်လို့ တွေ့တဲ့သူတိုင်းကချစ်ကြပြီး မင်းသားချော Naphat ရဲ့မိခင်ကလည်း သူမကိုအရမ်းချစ်တာဖြစ်ပါတယ်။အရမ်းအတွဲညီတဲ့ Baifern နဲ့ Naphat တို့နှစ်ယောက်ရဲ့ ဇာတ်ကားသစ်ကြီးကိုလည်း ပရိသတ်တွေမကြာခင်မှာ ကြည့်ရှု့ရတော့မှာဖြစ်ပါတယ်။ရိုက်ကွင်းပေါ်မှာ ခင်မင်ရင်းနှီးပြီး နှစ်ယောက်အတူတူ ဓာတ်ပုံတွဲရိုက်စဉ်မှာ ချစ်စဖွယ်မျက်နှာအမူအရာလေးတွေလုပ်ပြနေတဲ့ Baifern ရဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Naphat’s Instagram acc 
Photo Credit:Naphat’s Instagram acc 
Photo Credit:Naphat’s Instagram acc 
Photo Credit:Naphat’s Instagram acc 

Source&Photo Credit:Naphat’s Instagram acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T