ချစ်သူသက်တမ်း (၈)နှစ်ပြည့်တဲ့နေ့မှာ နှစ်ယောက်အတူခရီးထွက်ပြီး ပျော်ရွှင်စရာအချိန်လေးတွေကို ကုန်ဆုံးနေကြတဲ့ Mark နဲ့ Kim တို့စုံတွဲရဲ့ဗီဒီယို

//s9.kh1.co/2d/2d810be8015452de939d8c3e2edb86ddbe72537a.jpg
အနုပညာရှင်များ

 ၂၂-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ချစ်သူသက်တမ်း (၈)နှစ်ပြည့်တဲ့နေ့မှာ နှစ်ယောက်အတူခရီးထွက်ပြီး ပျော်ရွှင်စရာအချိန်လေးတွေကို ကုန်ဆုံးနေကြတဲ့ Mark နဲ့ Kim တို့စုံတွဲရဲ့ဗီဒီယို

ထိုင်းအနုပညာရှင်စုံတွဲတွေထဲမှာ ပရိသတ်တွေအရမ်းအားကျရတဲ့ Mark Prin နဲ့ Kimmy တို့စုံတွဲလေးက အခုဆိုရင် ချစ်သူသက်တမ်း (၈)နှစ်တောင်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ် ။ Mark နဲ့ Kim တို့စုံတွဲလေးက လွန်ခဲ့တဲ့ (၂၀၁၃)ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့မှာ ချစ်သူတွေဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကတော့ သူတို့ချစ်သူနှစ်ဦးရဲ့ကြည်နူးစရာကောင်းတဲ့ 8th Years Anniversary နေ့လေးပဲ ဖြစ်ပါတယ် ။

Photo Credit-Mark Prin's IG Acc & Kimmy's IG Acc

ဒီလိုနေ့လေးမှာ နိုင်ငံတကာက ပရိသတ်တွေကလည်း သူတို့စုံတွဲလေးအတွက် အမှတ်တရစကားတွေနဲ့အတူ ဆုမွန်ကောင်းတွေတောင်းပေးနေကြတာ ဖြစ်ပါတယ် ။ Mark နဲ့ Kim တို့စုံတွဲက တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုအပြည့်နဲ့ ချစ်ခင်ကြင်နာကြတာကြောင့် အခုချိန်အထိ လက်တွဲတွေခိုင်မြဲနေကြတာလည်း ဖြစ်ပါတယ် ။ မိဘတွေပါသိပြီး ကြည်ဖြူလက်ခံထားတဲ့ Mark တို့ချစ်သူနှစ်ဦးရဲ့အချစ်ရေးက အရမ်းကိုအားကျချင်စရာကောင်းနေတာ ဖြစ်ပါတယ်။

Photo Credit-Mark Prin's IG Acc & Kimmy's IG Acc
Photo Credit-Mark Prin's IG Acc & Kimmy's IG Acc
Photo Credit-Mark Prin's IG Acc & Kimmy's IG Acc
Photo Credit-Mark Prin's IG Acc & Kimmy's IG Acc
Photo Credit-Mark Prin's IG Acc & Kimmy's IG Acc
Photo Credit-Mark Prin's IG Acc & Kimmy's IG Acc

လက်ရှိမှာတော့ Mark နဲ့ Kim တို့စုံတွဲက သာယာလှပတဲ့ ကမ်းခြေတစ်ခုကို နှစ်ယောက်အတူတူ ခရီးထွက်နေတာ တွေ့ရပါတယ်။ ဒီမနက်မှာပဲ Mark က ချစ်သူလေးKim နဲ့အတူ ခရီးထွက်ပြီး ပျော်ရွှင်စရာအချိန်လေးတွေ အတူကုန်ဆုံးနေကြောင်း သူရဲ့Instagram မှာ မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ သူတို့ချစ်သူနှစ်ဦးရဲ့ Anniversary နေ့ဖြတ်သန်းပုံကို ရင်ခုန်စွာစောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ် ။ ချစ်သူသက်တမ်း (၈)နှစ်ပြည့်သွားပြီဖြစ်တဲ့ ထိုင်းမင်းသားချော Mark Prin နဲ့ မင်းသမီးချောလေး Kimmy တို့စုံတွဲရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Mark Prin's IG Acc & Kimmy's IG Acc

Photo Credit-Mark Prin's IG Acc & Kimmy's IG Acc
Photo Credit-Mark Prin's IG Acc & Kimmy's IG Acc
Photo Credit-Mark Prin's IG Acc & Kimmy's IG Acc
Photo Credit-Mark Prin's IG Acc & Kimmy's IG Acc
Photo Credit-Mark Prin's IG Acc & Kimmy's IG Acc
Photo Credit-Mark Prin's IG Acc & Kimmy's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T