ကိုယ့်မျက်နှာကိုယ်သေနတ်နဲ့ပစ်ပြီး သေကြောင်းကြံခဲ့သူရဲ့ ပြောင်းလဲသွားတဲ့မျက်နှာ

//s9.kh1.co/da/da93957ef582132115201f995a7e61fe105cc997.jpeg
ဗဟုသုတအဖြာဖြာ

 ၂၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ Katie လို့ခေါ်တဲ့မိန်းကလေးဟာ သူမအသက် ၁၆ နှစ်အရွယ်လောက်မှာ ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ပါတယ်။

နှစ်အနည်းငယ်ကြာလာတဲ့အချိန်မှာ Katie ဟာအူအတက်ဖြတ်ခဲ့ရပြီး ကျန်းမာရေးပြန်ကောင်းဖို့နားနေရတဲ့ အချိန်အတွင်းမှာပဲ ချစ်သူကောင်လေးက အခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိခဲ့ရပါတယ်။

https://s9.kh1.co/__image/w=500,h=271,q=100/fe/fe63409052dd93919fc207d45def233fbecffecc.jpg
https://s9.kh1.co/__image/w=600,h=382,q=100/bc/bc387cffbcc172e5bd5f52de4f91baa680fc0a88.jpg

ဒါ့ကြောင့်ပဲ Katie ဟာအကိုဖြစ်သူရဲ့ ရိုင်ဖယ်သေနတ်ကိုယူပြီး ကိုယ့်မျက်နှာကိုယ်ပြန်ပစ်ကာ သေကြောင်းကြံခဲ့ပါတယ်။

ဒါပေမယ့်လည်း Katie ရဲ့သေကြောင်းကြံစည်မှုဟာ မအောင်မြင်ခဲ့ပဲ အသက်ဆက်ရှင်ခဲ့ပါတယ်။

ဒါပေမယ့် သူမရဲ့မျက်နှာကတော့ ပွင့်ထွက်သွားခဲ့ပြီး ရစရာမရှိအောင်ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Katie ရဲ့မိဘတွေဟာ ဆေးရုံကိုပို့ပြီး သမီးလေးရဲ့မျက်နှာကိုဆေးကုသမှုတွေအပြင် ခွဲစိတ်မှုတွေကိုပါ နှစ်နဲ့ချီအောင်ပြုလုပ်ပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=895,q=100/25/254e512cb40aac6a60b35e5930b4215730f0a34d.jpg
https://s9.kh1.co/__image/w=600,h=895,q=100/62/62298317595d6854481f25279b865fe4b2dc49e2.jpg

Katie ဟာသူမရဲ့မျက်နှာလေးပြန်ကောင်းလာဖို့အတွက် ဆရာဝန်တွေနဲ့သေချာတိုင်ပင်ပြီး ခွဲစိတ်မှုပေါင်းများစွာ ပြုလုပ်ခဲ့ရပါတယ်။သူမရဲ့ကြိုးစားမှုကြောင့်ရော ဆရာဝန်တွေရဲ့ကုသပေးမှုကြောင့်ရော Katie ရဲ့မျက်နှာဟာအခြေအနေဟာ တဖြေးဖြေးတိုးတက်လာခဲ့ပြီး သာမန်ပုံစံအတိုင်းနီးပါးဖြစ်တဲ့ မျက်နှာတစ်ခုကိုပြန်လည်ရရှိခဲ့ပါတယ်။

အရင်လိုချောမောလှပတဲ့ မျက်နှာလေးကိုတော့ ပြန်မရနိုင်တော့ပေမယ့် အခုဆိုရင်တော့ Katie ဟာသူမရဲ့ ဒုတိယမျက်နှာလေးတစ်ခုကို ပိုင်ဆိုင်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=430,q=100/5f/5fea281dcac5f33fabcec14de0cf0e50a1fc9719.jpg
https://s9.kh1.co/__image/w=650,h=435,q=100/6c/6c928942a425227e18981bb9ab07fa0eee768ab5.jpeg
https://s9.kh1.co/__image/w=600,h=400,q=100/fd/fd99d32383d83f29ea4cf4fded58d8478f1ac97b.jpg

သတင်း အရင်းအမြစ်TheSun

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T