ဝေးလံတဲ့ ကချင်ပြည်နယ် နယ်စပ်ဒေသတွေ အတွက် ခုလို ကိုဗစ်ကာလမှာ လိုအပ်​နေတဲ့ အောက်ဆီဂျင်အိုးများကို လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/8f/8fc9194d37363746e2995cf9bf07eb7c7d6dc3d2.jpeg
အနုပညာရှင်များ

 ၂၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

ပရဟိတ မင်းသားကြီး ဝေဠုကျော်ကတော့ အောင်မြင်ကျော်ကြားတဲ့ ဝါရင့် အနုပညာရှင် တစ်ယောက် ဖြစ်သလို လက်ရှိ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အမှန်တကယ် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာပါ ။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

သူကိုယ်တိုင်လည်း ဖောင်ဒေးရှင်းတစ်ခု  တည်ထောင်ထားပြီး  အဖွဲ့သားများနဲ့အတူ  လိုအပ်တဲ့ နေရာများကို ကိုယ်တိုင် သွားရောက် လေ့လာကာ  ကူညီလှူဒါန်းပေးနေတာတွေကို  မြင်တွေ့ရတာလည်း ကြည်နူးစရာ ကောင်းလွန်းလှပါတယ် ။  ဒီလို အနစ်နာခံကာ သူတစ်ပါးအပေါ် ကူညီတတ်တာတွေကြောင့်  ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာပါ။ 

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 

အခုလည်း ဝေလံတဲ့ ကချင်ပြည်နယ်က နယ်စပ်ဒေသတွေ အတွက် ဒီလိုကာလမှာ လိုအပ်နေတဲ့ အောက်ဆီဂျင်အိုးများကို လှူဒါန်းပေးခဲ့တာတွေ့ရပါတယ် ။ ခုလို အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို ကူညီလှူဒါန်းပေးတာကလည်း တကယ်ကို မွန်မြတ်လှပါတယ် ။ ပရိသတ်ကြီးအတွက် ဝေဠုကျော်ရဲ့ အောက်ဆီဂျင်အိုး အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Wai Lu Kyaw Facebook Page 
Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T