အမွှာလေးနှစ်ယောက်နဲ့အတူ ကြည်နူးစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားလို့ စိတ်ချမ်းသာပျော်ရွှင်နေရတဲ့ ထိုင်းမင်းသမီးချော Margieတို့ဇနီးမောင်နှံ

//s9.kh1.co/48/48fb8118b557aece005a89a733477a02cd36bba5.jpg
အနုပညာရှင်များ

 ၂၂-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အမွှာလေးနှစ်ယောက်နဲ့အတူ ကြည်နူးစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားလို့ စိတ်ချမ်းသာပျော်ရွှင်နေရတဲ့ ထိုင်းမင်းသမီးချော Margieတို့ဇနီးမောင်နှံ

ထိုင်းမင်းသမီးချော Margie Rasri ကတော့ (၂၀၀၆)ခုနှစ်ကတည်းက Channel 3 ရုပ်သံလိုင်းနဲ့လက်တွဲပြီး ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း အောင်မြင်နေဆဲဖြစ်တဲ့ Margie က မော်ဒယ်၊သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ Margie က (၂၀၁၇)ခုနှစ်မှာ သူမချစ်ရတဲ့ချစ်သူနဲ့ လက်ထပ်ပြီး အမွှာကလေးလေးနှစ်ယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc

Margie ရဲ့ခင်ပွန်းဖြစ်တဲ့ Pok Mindset ကတော့ အဆိုတော်၊အနုပညာရှင်တစ်ဦးဖြစ်ပြီး သူမနဲ့ ကလေးတွေအပေါ်မှာ ဂရုစိုက်ကြင်နာတတ်သူလည်း ဖြစ်ပါတယ် ။ အခုဆိုရင် ချစ်စရာကောင်းတဲ့ သားနဲ့သမီးကြောင့် Margie တို့မိသားစုလေးက အရမ်းကိုပျော်ရွှင်ကြည်နူးနေရတာ ဖြစ်ပါတယ် ။ Margie က Instagram မှာဆိုရင် သူမတို့မိသားစုလေးရဲ့အမှတ်တရတွေနဲ့ လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေပေးတတ်တာ ဖြစ်ပါတယ် ။

Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc

Margie တို့ဇနီးမောင်နှံက သားနဲ့သမီးကို ဂရုတစိုက်စောင့်ရှောက်ပြီး သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြတာလည်း ဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း Margie တို့မိသားစုလေးကိုကြည့်ရင်း အားကျနေရတာ ဖြစ်ပါတယ် ။ Ya Ya, Kimmy နဲ့ Mark Prin တို့ကလည်း Margie နဲ့သူငယ်ချင်းတွေဖြစ်ကြပြီး သူတို့ကလည်း အမွှာကလေးလေးနှစ်ယောက်ကို အရမ်းချစ်ကြတာပဲ ဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိထားတဲ့ ထိုင်းမင်းသမီးချော Margieရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Margie Rasri's IG Acc

Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Photo Credit-Margie Rasri's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T