ဘုရားဖူးလာရောက်သူတွေနည်းနေတာကြောင့် ငါးလေးတွေအတွက်အစာသွားကျွေးရင်းကုသိုလ်ကောင်းမှုပြုခဲ့တဲ့ ပိုးကြာဖြူခင်

//s9.kh1.co/22/223bd70630bb4e97d6671c99fb781a8d4fc98bc4.jpg
အနုပညာရှင်များ

 ၂၂-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ MRTV- 4 မင်းသမီးချောလေး ပိုးကြာဖြူခင် က အလှူအတန်းတွေကို မကြာခဏ ပြုလုပ်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးမှာလည်း အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးခဲ့သလို့ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေအတွက်လည်း စားသောက်စရာတွေ လှူဒါန်းပေးခဲ့တာ တွေ့ရပါတယ်။

Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc

ဒါ့ပြင်ပိုးကြာဖြူခင်က ကိုဗစ်ကာလအတွင်းမှာလည်း တတ်နိုင်တဲ့ဘက်ကနေလှူဒါန်းကူညီမှုတွေပြုလုပ်ပေးခဲ့တာလည်းဖြစ်ပြီး အခုအခါမှာဆိုရင်လည်း ကျောက်တန်းရေလယ်ဘုရားကို သွားရောက်ဖူးမြော်ရင်း ငါးလေးတွေအတွက် ပေါင်မုန့်လေးတွေသွားကျွေးရင်း ကုသိုလ်ယူခဲ့တာဖြစ်ပါတယ်.....။

Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc

နိုင်ငံရေးအခြေအနေပြင်းထန်လာမှုတွေကြောင့်လည်း ပြည်သူတွေခမျာ စိတ်အပန်းဖြေခရီးသွားတာမျိုးတွေလည်းမရှိတော့သလို ဘုရားဖူးသွားရောက်ခြင်းတွေနည်းသွားတာကြောင့် ဘုရားကငါးလေးတွေလည်း အစာရေစာရှားပါးနေတာဖြစ်ပါတယ် ။ ဒါ့ကြောင့်လည်း ပိုးကြာဖြူခင်ဟာ မိသားစုနဲ့ဘုရားဖူးသွားရောက်ရင်း ငါးလေးတွေအတွက်အစာကျွေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc

သတင်း အရင်းအမြစ်Poe Kyar Phyu Khin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T