နှစ်ကိုယ်ယှဉ်တွဲပြီး ကြည်နူးစရာကောင်းမှုကုသိုလ်တွေ အတူပြုလုပ်နေတဲ့ ဘေဘီမောင်တို့ ချစ်သူနှစ်ဦး

//s9.kh1.co/ad/ad4e20f8c988c1121025bf1c77fcdb9251380c97.jpeg
အနုပညာရှင်များ

 ၂၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်နဲ့ အဆိုတော်ချောလေး သားဂန်းတို့ကတော့ ပရိသတ်တွေ အားကျချစ်ခင်နေကြရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးပဲ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ဦးကတော့ ကောင်းမှုလေးတွေကိုလည်း အတူပြုနေကြတာ ဖြစ်ပါတယ်။ 

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

လှူဒါန်းမှုတွေကို မကြာခဏပြုလုပ်နေတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ကတော့ လက်ရှိမှာလည်း လိုအပ်နေတဲ့ပြည်သူတွေအပြင် သာသနာ့ဘောင်အတွင်းက ရဟန်းသံဃာတော်တွေ အတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ စက်တင်ဘာလ (၂၁)ရက်နေ့ကလည်း ချစ်သူနှစ်ဦး သီလရှင်ဆရာလေးတွေအတွက် ဆေးဝါးနဲ့ နဝကမ္မဝတ္တူငွေတွေ လှူဒါန်းကုသိုလ်ယူခဲ့ပါသေးတယ်။ 

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

 Omega 3 , Vit C အားဆေးများနဲ့ နဝကမ္မ ဝတ္ထူငွေများကို လှူဒါန်းခဲ့တာဖြစ်ပြီး သူမတို့ရဲ့ ကြည်နူးစရာ အလှူကုသိုလ်လေးတွေကို ဘေဘီမောင်က ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်။ နှစ်ကိုယ်တူ ယှဉ်တွဲပြီး ကောင်းမှုလေးတွေပြု နေကြတဲ့ သူမတို့စုံတွဲလေးအတွက် ပရိသတ်တွေကလည်း ဝမ်းသာစွာသာဓုခေါ် ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်။ 

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

သတင်း အရင်းအမြစ်Baby Maung's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T