ခြေထောက်တစ်ဖက်သာ ရှိနေပေမယ့်လည်း မိသားစုအတွက် ကြိုးကြိုးစားစား ရှာဖွေပေးနေသူတစ်ဦး

//s9.kh1.co/1f/1fa1841295afeddab5e8647848608df174bbac55.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ခုဖော်ပြမယ့်သူဟာ လူဆိုတာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကြိုးစားရုန်းကန်ပြီး ရှင်သန်နေနိုင်တယ်ဆိုတာကို သက်သေပြသခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကတော့ Allan Aguilar လို့ခေါ်ပြီး ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Leyte မှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ Allan ရဲ့ လူမှုကွန်ယက်မှာနာမည်ကြီးလာရတဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ ဘဝအပေါ်အရှုံးမပေးတဲ့ အလုပ်ကြိုးစားတဲ့စိတ်ကြောင့်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/c6/c618dd4e0cd66d61338c4aad702c74962de689e2.jpg
https://s9.kh1.co/__image/w=375,h=500,q=100/54/54fdf09b78a90b5d88cab8ebd51d52d094b2bea1.jpeg

Allan ဟာ နေ့တိုင်း ကျောပေါ်မှာ ၅ဝကီလိုအလေးချိန်ရှိတဲ့ ငှက်ပျော်သီးတွေကိုသယ်ပြီး တစ်နေ့ကို အနည်းဆုံး နှစ်ကီလိုမီတာနီးပါးလမ်းလျှောက်ပြီး အလုပ် လုပ်နေရတဲ့သူဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်မရှိတဲ့ Allan ဟာ မွေးရာပါချို့ယွင်းလာတာမဟုတ်ပါဘူး။ ခြောက်နှစ်သားအရွယ်မှာ မတော်တဆမှုတစ်ခုကြောင့် Allan ဟာ ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ မိသားစုကဆင်းရဲလွန်းတာကြောင့် Allan ဟာ ခြေတုတောင် မတက်နိုင်ခဲ့ပါဘူး။

https://s9.kh1.co/__image/w=582,h=960,q=100/bc/bc20553b277be4b7fa3e0c6121279e1dd41ba3e8.jpg
https://s9.kh1.co/__image/w=650,h=867,q=100/c7/c721c814265ffd9f1cb1c2e2ecf08c8996b9884a.jpg

ဒါပေမယ့် Allan ဟာ သာမန်လူတစ်ယောက်ထက် နှစ်ဆအလုပ်ကြိုးစားသူဖြစ်ပါတယ်။ သူဟာ နေ့စဉ်နေ့တိုင်း ကီလို၅ဝအလေးချိန်ရှိတဲ့ ငှက်ပျော်သီးတွေကို သယ်ပြီး မြို့ထဲကို သွားပို့ရသူဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်မရှိပေမယ့် ဘဝကို အရှုံးမပေးဘဲ မိသားစုအတွက် အကောင်းဆုံးကြိုးစားနေသူ Allan ကတော့ လေးစားစရာပါပဲ။

သတင်း အရင်းအမြစ်Elitereader

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T