ဂျပန်နိုင်ငံမှာသာ တွေ့မြင်ရမယ့် ထူးထူးဆန်းဆန်း ကိရိယာ အသုံးအဆောင်များ

//s9.kh1.co/46/4685682a22c3c1ea0de680a20ab04119edb49d14.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဂျပန်နိုင်ငံသားတွေဟာ ထူးထူးဆန်းဆန်း ပစ္စည်းတွေကို တီထွင်ထုတ်လုပ်လေ့ရှိတဲ့အတွက် နာမည်ကြီးပါတယ်။ သူတို့ဆီက ကြံကြံဖန်ဖန် ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကြောင့် မြင်ရသူဖို့ တကယ်ကို အံ့အားသင့်သွားစေပါတယ်။ ခုဆိုရင်လည်း နာမည်ကြီးနေတဲ့ ဂျပန်နိုင်ငံထုတ် အသုံးအဆောင်ပစ္စည်း(၁၇)ခုအကြောင်းကိုဖော်ပြလိုက်ပါတယ်။ မြင်တာနဲ့ ဘယ်ပစ္စည်းက ဘာအတွက် ဘယ်လိုအသုံးပြုရလဲဆိုတာ ချက်ချင်းသိနိုင်ပါတယ်။

(၁)ထောပတ်ခြစ်စက်

https://s9.kh1.co/__image/w=650,h=360,q=100/8e/8ec9a21aadc32550a4e2c61da07f4e11c4d5784f.png

ပေါင်မုန့်ထောပတ်သုတ်စားတဲ့ အခါ အဆင်ပြေတာပေါ့။

(၂) ခေါက်ထီးပုံစံ နက်ကတိုင်

https://s9.kh1.co/__image/w=650,h=497,q=100/bb/bb4dea2d5b4b7b56eb74476264b9c240260d18af.png

မသိရင်တော့ အမျိုးသားတွေလည်ပင်းမှာချည်တဲ့ နက်ကတိုင်ပေါ့။ နေပူလို့ဖြစ်ဖြစ် မိုးရွာလို့ဖြစ်ဖြစ် အဲ့လိုအခါမျိုးမှာတော့ ထီးအဖြစ်ဆောင်းလို့ ရပါတယ်။

(၃) မျက်စင်းခက်တဲ့ ပြွန်လေး

https://s9.kh1.co/__image/w=650,h=923,q=100/d1/d18b5359502fa70f6ff4098dbea46b12884ad40c.png

မျက်စိနာလို့ဖြစ်ဖြစ် မျက်စင်းခတ်ချင်တဲ့အခါ ဒီပြွန်လေးကို မျက်လုံးမှာ တပ်ထားရင် ဘေးတွေကို စီးကျပေကုန်မှာ စိတ်မပူရတော့ပါဘူး။

(၄) အသံမကြားနိုင်တဲ့ ကာရာအိုကေ

https://s9.kh1.co/__image/w=650,h=395,q=100/31/31449a6aa0017090e75e089704785bb09e91345f.png

သီချင်းဆိုချင်တဲ့အခါ အသံဆိုးနဲ့ အိမ်နီးချင်းတွေကို မနှိပ်စက်ချင်လို့ပဲဖြစ်ဖြစ် ကိုယ်ကလွဲပြီး ဘယ်သူမှ မကြားရတဲ့ ကာရာအိုကေ မိုက် ဖြစ်ပါတယ်။

(၅) အသံဖမ်းနားဆင်နိုင်တဲ့ ခေါင်းအုံး

https://s9.kh1.co/__image/w=650,h=401,q=100/01/01d99a0e34d6f9096638ab31a4f1350c032ce0bb.png

တီဗွီကြည့်ရင်း အသံအရမ်းမကျယ်ချင်တာပဲဖြစ်ဖြစ် ခေါင်းအုံးလေးက တီဗွီက အသံတွေကို အေးအေးဆေးဆေး လှဲအိပ်ရင်း နားထောင်လို့ရပါတယ်။

(၆) အသိပေးမယ့်ခွက်လူသား

https://s9.kh1.co/__image/w=650,h=620,q=100/ff/ffb197d3785d72451fd73bd945c207d4b7d0d907.png

ခေါက်ဆွဲပြုတ်တဲ့အခါ ကျက်မကျက်ကို ခနခနဖွင့်ကြည့်စရာမလိုသလို ထိုင်စောင့်နေစရာမလိုပါဘူး။ ကျက် မ ကျက်ကို ဒီအရုပ်လေးက အသိပေးမှာပါ။

(၇) လေးထောင့်ဖရဲသီး

https://s9.kh1.co/__image/w=650,h=481,q=100/92/92bf1e80ec67f8a5b3e4e98ca63e621d9010c500.png

တစ်သက်နဲ့တစ်သက် ဖရဲသီး အလုံးပဲမြင်ဖူးတာပါ။ သူတို့ကျမှ ဖရဲသီးကိုတောင် လေးထောင့် ဖရဲသီးဆိုပြီး ထုတ်ထားပါတယ်တဲ့။

(၈)အကြားအာရုံ အတွက် နားကြပ်

https://s9.kh1.co/__image/w=650,h=481,q=100/82/828a393d0608d51455559d10fa9edba44d2d0a86.png

ဒီနားကြပ်ကို မြင်ရင် လန့်မသွားကြပါနဲ့။ နားလေးတဲ့သူတွေအတွက် အဆင်ပြေအောင် အသံကို ကျယ်ကျယ်ကြားနိုင်မှာပါ။

(၉) တူပန်ကာ

https://s9.kh1.co/__image/w=650,h=655,q=100/33/33ce507bf607f0bbd6750720a88b9efae27b501c.png

ခေါက်ဆွဲပြုတ်စားခါနီး ပူနေရင် အေးအောင်လုပ်ပေးမယ့် ပန်ကာတပ်ထားတဲ့ တူလေးပါ။

(၁၀)မိုးစိုမှာမစိုးရိမ်ရတဲ့ ထီးမိုးကာ

https://s9.kh1.co/__image/w=650,h=975,q=100/ee/eeb4ba9ecf7930abb9460a5208dd0e9b47c81aae.png

ထီးဆိုရင် မိုးရွာရင် ခေါင်းပဲ လုံနိုင်ပြီး ခန္ဓာကိုယ် စိုနေဦးမှာပါ။ အခုပြထားတာတော့ ခြေမျက်စိအောက်ထိ တကိုယ်လုံးမစိုအောင် လုပ်ပေးမယ့် ထီးမိုးကာပါ။

(၁၁) နားထဲကို စူးစမ်းလို့ရမယ့် ကိရိယာ

https://s9.kh1.co/__image/w=650,h=628,q=100/71/711eb6afd39bc03fc69292899aefdc4fae452328.png

ဒီကိရိယာကတော့ မျက်လုံးကနေ နားထဲက အစိတ်အပိုင်းဘာတွေရှိလဲဆိုတာ ကိုယ်တိုင်ကြည့်လို့ရပါတယ်။

(၁၂) ပူပေါင်းကီးချိန်း

https://s9.kh1.co/__image/w=650,h=581,q=100/bb/bb4588da6d0167877fefb00f1998e1bdc2eb17aa.png

ပူပေါင်းလေးတွေကို ဖောက်ရတာ ၀ါသနာပါသူတွေအတွက် ခလုပ်သေးသေးလေးတွေ နှိပ်ရင် ပေါက် ပေါက် ပေါက်လို့ အသံမြည်မယ့် ပူပေါင်း ကီးချိန်းဖြစ်ပါတယ်။

(၁၃) (360) ဒီဂရိ ကင်မရာ

https://s9.kh1.co/__image/w=650,h=456,q=100/0d/0d3ec60503b55a0901ad33ee529d3c79df3e879d.png

ဖေ့ဘုတ်စ်မှာဖုန်းထဲကနေ (360)နဲ့ ရိုက်ထားတဲ့ ပုံတွေလိုပါပဲ။ လှအောင်လို့ တခါတည်းပြင်ပေးမယ့် ကင်မရာမျိုးပါ။

(၁၄) စာအုပ်ပုံစံ ခေါင်းအုံး

https://s9.kh1.co/__image/w=650,h=762,q=100/c9/c9729bbea12139375602e8a1a744a9dc39e0ae61.png

အလုပ်ပြီးရင်အလုပ် စာမှစာဖြစ်နေတဲ့ စာဂျပိုးတွေ အလုပ်ဂျပိုးတွေအတွက် သီးသန့်ထုတ်ထားတဲ့ စာအုပ်ပုံစံ ခေါင်းအုံးပါ။

(၁၅) ရေစိုခံ ဖိနပ်ထီး

https://s9.kh1.co/__image/w=650,h=379,q=100/d4/d4d5cbfe7f1598b30293c0d6f728bab53714f2f8.png

မိုးထဲရေထဲ သွားမိတဲ့အခါ ကိုယ်စီးတဲ့ဖိနပ်က ရေစိုခံလို့မရတဲ့ ဖိနပ်ဖြစ်နေရင် စိတ်ပူစရာမလိုပါဘူး။ ထီးသေးသေးလေးပါတဲ့ ဖိနပ် ဆိုတော့ စိုမှာလည်း စိတ်မပူရတော့ပါဘူး။

(၁၆) ငှက်ပျောသီးထည့်တဲ့ ခွက်

https://s9.kh1.co/__image/w=650,h=642,q=100/54/544552822479feb1da2ab423dd9753bbe469e265.png

ရုံးသွား ၊ကျောင်းသွား ပျော်ပွဲစားထွက်ထွက် ငှက်ပျောသီးထည့်ဖို့ ငှက်ပျောသီးပုံစံ အံကိုက်ထည့်လို့ရတဲ့ ငှက်ပျောသီးထည့်ခွက်လေးပါ။

(၁၇) ကိုယ်ယားတဲ့နေရာကုတ်ခိုင်းမယ့် အကျီ

https://s9.kh1.co/__image/w=650,h=897,q=100/27/27fa41bc8a947c8d9af6ae0c216161ec11396cf2.png

ဒီနောက်ဆုံးပစ္စည်းကတော့ ကိုယ်ယားတဲ့အခါ လူတစ်ယောက်ကို ကုတ်ခိုင်းလို့ရမယ့် တီရှပ်အကျီပါ။ ဘယ်နေရာ ယားတယ်ဆိုတာ ABCD 1234 ထဲက ဘယ်နံပါတ်ကို ပြောပြီး ကုတ်ခိုင်းလိုက်တော့ ပိုအယားပြေသလို တဖက်လူလည်း ကုတ်ပေးရတာ အဆင်ပြေပါတယ်။

သတင်း အရင်းအမြစ်Elitereader

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T