Qစင်တာက ညစ်ပတ်နေတဲ့အများသုံးအိမ်သာတွေကို သန့်ရှင်းသွားအောင် သေချာတိုက်ချွတ်ဆေးကြောပေးပြီးကုသိုလ်ယူနေကြတဲ့ စေတနာ့ဝန်ထမ်းများ

//s9.kh1.co/e9/e9f86277742112a6a6a23aa566785041f371b3ba.jpeg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

Qစင်တာက ညစ်ပတ်နေတဲ့အများသုံးအိမ်သာတွေကို သန့်ရှင်းသွားအောင် သေချာတိုက်ချွတ်ဆေးကြောပေးပြီးကုသိုလ်ယူနေကြတဲ့ စေတနာ့ဝန်ထမ်းများ

ကိုဗစ်ကူးစက်ရောဂါပြန့်ပွါးနေမှုကို ပြည်သူလူထုကလည်း မိမိကမှစတင်ကာကွယ်ပြီး တတ်နိုင်သလောက်ထိန်းချုပ်နေကြတာဖြစ်ပါတယ်။လက်ရှိအချိန်ထိလည်း ကိုဗစ်ကူးစက်ရောဂါခံစားနေရတဲ့လူနာတွေလည်းရှိပြီး သူတို့အတွက်လိုအပ်တဲ့ ကုသရေးတွေကို ဆရာဝန်တွေကလုပ်ဆောင်ပေးနေသလို တချို့မြို့နယ်တွေမှာဆိုရင်လည်းအောက်ဆီဂျင်ထုတ်လုပ်နိုင်တဲ့ အသေးစားစက်ရုံလေးတွေ တည်ထောင်ထားကြပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပေါင်းတည်မြို့မှာဆိုရင်လည်း (၁၃)မိုင်ခန့်သာကွာဝေးတဲ့ ဇီးကုန်းမြို့မှာ အောက်ဆီဂျင်စက်စတင်လည်ပတ်နေပြီပဲဖြစ်ပါတယ်။ဒါ့အပြင် ပေါင်းတည်မြို့မှာ "ဖြူစင်အလင်းရောင်" Quarantine စင်တာလည်းရှိတာကြောင့် ကိုဗစ်လူနာနဲ့ဆက်စပ်ပြည်သူတွေကို Qဝင်ခိုင်းတာဖြစ်ပါတယ်။Qစင်တာမှာ စေတနာ့ဝန်ထမ်းတချို့က သန့်ရှင်းရေးကစပြီး လိုအပ်တဲ့နေရာတွေမှာ အမြဲကူညီပေးဖို့အဆင်သင့်ရှိနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Qစင်တာတွေမှာဆိုရင် လူအများအပြားအသုံးပြုကြတဲ့ အိမ်သာတွေကိုလည်း စေတနာ့ဝန်ထမ်းတွေကပဲ သန့်ရှင်းရေးပြုလုပ်ပေးကြတာဖြစ်ပါတယ်။ညစ်ပတ်နေတဲ့အမှိုက်ပုံးတွေကိုလည်း သေချာစနစ်တကျစွန့်ပစ်ပေးကြပြီးQစင်တာမှာ တတပ်တအားကူညီပေးနေကြတာဖြစ်ပါတယ်။အခုလိုမျိုး အများအကျိုးအတွက် စေတနာရှေ့ထားပြီးဆောင်ရွက်နေကြတဲ့ ပေါင်းတည်မြို့က စေတနာ့ဝန်ထမ်းတချို့ရဲ့စိတ်ဓာတ်ကို လေးစားမိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T