မီးများစွာ လောင်ကျွမ်းခဲ့တာကြောင့် တစ်နာရီကျော် ကြာမြင့်အောင် မီးငြိမ်းသတ်ခဲ့ရတဲ့ လှိုင်သာယာမြို့နယ်က ဖော့စက်ရုံ အခြေအနေ

//s9.kh1.co/a5/a5a6b7c4ddb8fde7a4bd2888f4a648df34bc6e03.jpeg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံနေရာ အနှံအပြားမှာတော့ အခြေအနေတွေက အရာရာ မတည်ငြိမ်သေးပါဘူး ။ တိုက်ပွဲတွေဖြစ်ပွားပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်ကုန်ရတဲ့ ပြည်သူတွေလည်း ရှိသလို စစ်ဘေးရှောင်ရင်း ဒုက္ခမျိုးစုံနဲ့  ရင်ဆိုင်နေရတဲ့ အပြစ်မဲ့ ပြည်သူတွေလည်း ရှိပါတယ်  ။ မီးလောင်မှုတွေဆိုရင်လည်း တစ်နေ့ကို တစ်ခုလောက် ဈေးတွေ ၊ ကျောင်းတွေ အပြင် ရွာလုံးကျွတ် လောင်နေတာ ကို စိတ်မကောင်းစွာ တွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

မြို့ကြီးပြကြီးတွေမှာဆိုရင်လည်း ပိုတောင် မအေးချမ်းနေပါဘူး ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွား နေလို့   ဒဏ်ရာရ ပြည်သူတွေလည်း ရှိနေခဲ့ပါတယ် ။ မကြာခင် ရက်ပိုင်းက ဆိုရင်လည်း ရန်ကုန်တိုင်း ဒေသကြီး၊ နေရာတော်တော်များများမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာကြောင့် ပြည်သူတွေ အနေနဲ့ အတော်လေး ထိန့်လန့်ခဲ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ယနေ့ စက်တင်ဘာလ (၂၁) ရက် မနက် (၃:၁၀) မိနစ်ခန့်မှာဆိုရင်လည်း လှိုင်သာယာမြို့နယ် စက်မှုဇုန် (၁)၊ ဆိပ်ကမ်းသာလမ်း၊ ညောင်ရွာရပ်ကွက်က  ဖော့စက်ရုံတစ်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ် ။ မီးအတော်လေး များတယ်လို့သိရပြီး တစ်နာကျော်ကြာအောင် ငြိမ်းသတ်လိုက်ရတယ်လို့လည်း ဆိုပါတယ် ။ ပရိသတ်ကြီးအတွက် လှိုင်သာယာမြို့နယ်က ဖော့စက်ရုံရဲ့ မီးလောင်မှု ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T