အမြင်အာရုံချို့ယွင်းနေပေမယ့် နေပူမိုးရွာမရှောင်နေရာအနှံ့လျှောက်သွားကာ ဝမ်းရေးအတွက် ဓားကတ်ကြေးသွေးပြီး အလုပ်လုပ်နေရရှာတဲ့ အဘိုး

//s9.kh1.co/18/18e222356c6511efd8b126b8acacd8b256b77519.jpeg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိပြည်တွင်းရေး မငြိမ်သက်မှုတွေကြောင့် စားဝတ်နေရေးတွေ ကြပ်တည်းခက်ခဲမှုတွေနဲ့ ပြည်သူတွေမှာလည်း ကြိုးစားဖြတ်ကျော်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးအပြင် ကပ်ရောဂါဆိုးတွေရဲ့ ခြောက်လှန့်မှုတွေကြောင့်လည်း မပြေလည်မှုတွေများစွာကို ခါးစည်းရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ကူကယ်ရာမဲ့ ဖြစ်နေရှာတဲ့ သက်ကြီးရွယ်အိုအဖိုးအဖွားတွေမှာလည်း အခက်အခဲများစွာရှိနေကြပြီး ဝမ်းရေးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်နေကြတာလည်း ရှိနေကြပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc

လှိုင်သာယာက အဖိုးတစ်ဦးကလည်း မျက်လုံးမမြင်ပေမယ့် ဝမ်းရေးအတွက် နေပူမိုးရွာမရှောင် နေရာအနှံ့လျှောက်သွားကာ အလုပ်လုပ်နေရရှာတာ တွေ့ရပါတယ်။ အမြင်အာရုံချို့ယွင်းနေပေမယ့် ဝမ်းရေးအတွက် ဓားကတ်ကြေးသွေးပြီး အလုပ်လုပ်နေရရှာတဲ့ အဖိုးအတွက် ပရဟ်တလူငယ်လေးကိုပူတူးကလည်း ဌက်သိန်းနဲ့ အလှူငွေတွေ ပေးကူလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc

ဌက်သိုက်ဆိုတာ လိမ်းရတာလား လူလေး ဆိုတဲ့ အဖိုးရဲ့ စကားလေးကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး အားရှိအောင်သောက်ဖို့ မှာခဲ့ရတာတွေကိုလည်း စိတ်မကောင်းစွာ ပြောပြထားပါသေးတယ်။ အိမ်လခပေးပြီး အိမ်ဌားနေရတဲ့ အဖိုးကို အလှူငွေ(၅)သောင်းနဲ့ ဌက်သိုက်လေးအတွက် မမြင်ရပေမယ့် ပြန်တဲ့အထိ နှုတ်ဆက်ကျေးဇူးတင်စကားတွေ တသွင်သွင်ပြောနေတဲ့အဖိုးအတွက် ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရပါသေးတယ်နော်။ 

Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc

သတင်း အရင်းအမြစ်ArrPuu Tuu's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T