BTS ဆိုတာနဲ့ မိန်းကလေးတွေအသည်းစွဲချစ်ခင်အားပေးကြတဲ့ Kpop Boy Group တစ်ခုဆိုတာ အားလုံးကသိကြပါတယ်။ယခုနောက်ပိုင်းမှာဆိုရင်တော့ သူတို့ရဲ့ သီချင်းသီဆိုဟန်နဲ့ အကတွေကြောင့် မိန်းကလေးတွေသာမက ယောကျာ်းလေးတွေပါ တစ်ခဲနက်အားပေးလာကြပါတယ်။ကိုးရီးယားနိုင်ငံမှာသာမက နိုင်ငံတကာက ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရထားတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။
အောင်မြင်မှုများစွာရနေတဲ့အထဲကတင်ပဲ သိပ်မကြာသေးခင်က BTS အဖွဲ့ဟာ အိမ်ပြာတော်မှာ တောင်ကိုရီးယားသမ္မတကြီး Moon Jae-in ကိုယ်တိုင်ပေးအပ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံကိုယ်စားပြု အထူးသံတမန် ခန့်အပ်ခံရသည့် ဂုဏ်ပြုလွှာကို ရရှိခဲ့ပါတယ်။
ဒါတင်သာမက ကမ္ဘာ့ကုလသမဂ္ဂ (UN)ရဲ့ အစည်းအဝေးကိုတက်ရောက်ခွင့်ရရှိခဲ့ပြီး ကမ္ဘာတဝှမ်းက လူငယ်တွေအတွက် အားပေးစကား မိန့်ခွန်းပြောကြားခွင့်ပါ ရခဲ့တာဖြစ်ပါတယ်။ဒါဟာ BTS အနေနဲ့ ဒုတိယမြောက် မိန့်ခွန်းပြောကြားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ယမန်နေ့ စက်တင်ဘာ(၂၀)မှာတော့ BTS အဖွဲ့ဟာ UN ရဲ့ အစည်းအဝေးကိုတက်ရောက်လာခဲ့ပြီးလူငယ်တွေအတွက် အင်အားဖြစ်ဖွယ် မိန့်ခွန်းများကိုလည်းပြောကြားခဲ့ပါတယ်။ဒါ့အပြင် သူတို့ရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ "permission to dance" သီချင်းနဲ့ ဖျော်ဖြေခွင့်ရခဲ့ပါတယ်။
UN ရဲ့ ကာကွယ်ရေးဝန်ကြီးကလည်း" ငါတို့ရဲ့ ကမ္ဘာကြီးကို ကာကွယ်ပြီး ကယ်တင်ဖို့ အတူတကွ လာရောက်ကြရင်း ဒီနေ့မှာပဲ BTS နဲ့ အတူရှိရတာ က ကောင်းမွန်တဲ့ အကူအညီ ထောက်ပံ့မှု အစီအစဥ်ပါပဲ "လို့ ချီးကျူးပြောဆိုခဲ့ပါသေးတယ်။အားကျစရာပါပဲ။BTS အဖွဲ့ရဲ့ ဖျော်ဖြေနေတဲ့ ဗီဒီယိုလေးကိုကြည့်ရှုခံစားရင်း စိတ်အမောများ ခေတ္တပြေပျောက်နိုင်ကြပါစေ။