မိသားစုကိုရှာဖွေ​ကျွေးမွေးရင်း လေဖြတ်သွားတဲ့ အမျိုးသားတစ်ဦးကို ခြေတွေ၊လက်တွေလှုပ်ရတဲ့အထိ သေချာဆေးကုသပေးခဲ့တဲ့ ထူးခန့်ကျော်

//s9.kh1.co/97/97546bad1d469497b682cdd71972f83c0d700374.jpg
အနုပညာရှင်များ

 ၂၁-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မိသားစုကိုရှာဖွေ​ကျွေးမွေးရင်း လေဖြတ်သွားတဲ့ အမျိုးသားတစ်ဦးကို ခြေတွေ၊လက်တွေလှုပ်ရတဲ့အထိ သေချာဆေးကုသပေးခဲ့တဲ့ ထူးခန့်ကျော်

သရုပ်ဆောင်ထူးခန့်ကျော်ကတော့ ပြည်သူတွေကို ဆေးကုသပေးနေပြီး သူတတ်နိုင်သလောက် ကူညီပေးနေသူ ဖြစ်ပါတယ်။ ယခုမှာတော့ ထူးခန့်ကျော်တစ်ယောက်ဟာ မိသားစုကိုရှာဖွေကျွေးမွေးရင်း လေဖြတ်သွားပြီး ဘယ်ဘက်ခြေတစ်ချောင်း၊ ဘယ်ဘက်လက်တစ်ဖက် လှုပ်မရဖြစ်နေတဲ့ အမျိုးသားတစ်ဦးကို ဆေးကုသပေးနေခဲ့ပါတယ်။ တောင်ဒဂုံမြို့နယ်၊ ဗန္ဓုလအိမ်ယာမှာ နေထိုင်တဲ့ အဆိုပါအမျိုးသားဟာ လေဖြတ်ပြီးတစ်ရက်အကြာမှာ ထူးခန့်ကျော်ထံကို လာရောက်ကာ ဆေးကုသမှုခံယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc

လေဖြတ်နေတဲ့ အဆိုပါအမျိုးသားဟာ ထူးခန့်ကျော်ဆီမှာ ဆေးကုသမှုခံယူရင်း သူ့ရဲ့ မိသားစုကို ဆက်လက်မလုပ်ကျွေးရတော့မှာစိုးတာကြောင့် ဝမ်းနည်းစွာငိုကြွေးနေခဲ့ပါတယ် ။ ဆေးကုသမှုခံယူရင်း ငိုကြွေးနေတဲ့ အဆိုပါအမျိုးသားကိုကြည့်ပြီး ထူးခန့်ကျော်တစ်ယောက် အလွန်စိတ်ထိခိုက်ကာ ဝမ်းနည်းနေခဲ့ပါတယ်။ ယခုမှာတော့ လေဖြတ်နေတဲ့ အဆိုပါအမျိုးသားဟာ နှစ်ကြိမ်မြောက်ဆေးကုသမှု လာခံယူချိန်မှာတော့ ​ခြေတွေ ၊လက်တွေ လှုပ်ရသွားခဲ့ပါတယ်။

Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc

ထူးခန့်ကျော်ရဲ့ ဆေးကုသပေးမှုကြောင့် အဆိုပါအမျိုးသားဟာ လမ်းလည်း ခပ်သွက်သွက်လျှောက်လာနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ ​လေဖြတ်နေရာကနေ ပြန်ကောင်းလာလို့ ပျော်ရွှင်နေတဲ့ အဆိုပါအမျိုးသားကို ကြည့်ပြီး တစ်နေကုန်မိုးလင်းက မိုးချုပ် ပင်ပန်းသမျှလေးတွေပြေပျောက်ခဲ့ရကြောင်း ထူးခန့်ကျော်က ပြောပြလာခဲ့ပါတယ်။ လေဖြတ်နေတဲ့ အမျိုးသားတစ်ဦးကို ခြေ၊လက်တွေ လှုပ်ရတဲ့အထိ ဆေးကုသပေးနေတဲ့ ထူးခန့်ကျော်ရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source -Htoo Khant Kyaw's FB Acc

Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T