မိုင်းကိုင်မြို့တွင် စစ်ဘေးရှောင်လာတဲ့ထော်လာဂျီတိမ်းမှောက်မှုကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်များ

//s9.kh1.co/aa/aa1261bf71f58297fbe0fed4bcb5979b4a86d5be.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေမှာ အနေနဲ့ အသက်အိုးအိမ်စည်းစိမ်တွေ အများအပြား ဆုံးရှုံးနေကြရတဲ့အပြင် ကပ်ရောဂါဆိုးတွေရဲ့ ဖိစီးနှိပ်စက်မှုတွေကိုလည်း ရင်ဆိုင်ခံစားနေကြရတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေမှာ အခြေအနေတွေပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေကြားမှာ အိုးအိမ်တွေစွန့်ခွာကာ အသက်လုပြေးလွှားနေကြရတာလည်းဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ဒီကနေ့မှာဆိုရင်လည်း မိုင်းကိုင်မြို့နယ်၊ ပင်ကေတုကျေးရွာအုပ်စု၊ ကုန်းလှိုင်း အနီး၌ စစ်ဘေးရှောင်များ လိုက်ပါ စီးနင်းလာသော ထော်လာဂျီလမ်းချော်ပြီး ချောက်ထဲသို့ထိုးကျခဲ့တယ်လို့သိရပါတယ် ။ ဟိုခဲကျေးရွာအုပ်စုမှ စစ်ဘေးရှောင် ပြည်သူများက ပန်ကေတုဘက်သို့ အိမ်သုံးပစ္စည်းများ တင်ဆောင်ကာ ထော်လာဂျီဖြင့် စစ်ဘေးရှောင်စဉ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်အခုလို တိမ်းမှောက်ခဲ့ရတာဖြစ်ပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

တိမ်းမှောက်မှုကြောင့် စစ်ဘေးသင့်ပြည်သူတွေခမျာလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ပူပေါ်နှစ်ပူဆင့်ရတဲ့ အခြေအနေတွေကြုံခဲ့ရတာပါ။ မိုင်းကိုင်မြို့နယ် အတွင်း၌ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်က စတင်ကာ RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲ ဖြစ်ပွား၍ စစ်ရေး တင်းမာနေမှုကြောင့် ဒေသခံပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင် အဖြစ် နေရပ်စွန့်ခွာ ထွက်‌ပြေးနေကြရတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T