လူတိုင်းရဲ့ နေ့စဥ်သက်တမ်းမှာ မပါမဖြစ် မှီဝဲကြတဲ့အရာကတော့ ကော်ဖီ သို့မဟုတ် ကဖင်းဓာတ်ပါတဲ့အရာတွေပါ။ကဖင်းဓာတ်ကို နေ့စဥ်လှုပ်ရှားဖို့အတွက် အားအင်တွေအမြဲပြည့်နေဖို့၊တက်ကြွလှုပ်ရှားနေဖို့ဆိုပြီးမှီဝဲဲကြပါတယ်။သို့ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ကဖင်းဓာတ်လွန်ကဲလွန်းလာရင် ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ဒီတော့ ကဖင်းဓာတ်ကိုလျှော့ချလိုက်တဲ့အခါ သင့်ကိုဘာတွေပြောင်းလဲသွားစေနိုင်လဲဆိုတာ ကြည့်လိုက်ကြရအောင်။
၁။စိတ်ဖိစီးမှုတွေလျော့ကျစေပါတယ်။
ကဖင်းဓာတ်မှာဆိုရင် စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးမှုများကိုဖြစ်စေနိုင်တဲ့ ဟော်မုန်းကို လှုံ့ဆော်ပေးတဲ့ဓာတ်သတ္တိတွေပါဝင်ပါတယ်။ဒါ့အပြင် စိတ်ကျရောဂါပါဖြစ်စေလာနိုင်ပါတယ်။ဒါကြောင့် ကဖင်းဓာတ်လျှော့ချလိုက်တာနဲ့ စိုးရိမ်ပူပန်ရခြင်း၊စိတ်ဖိစီးမှုများခြင်း၊သောကများခြင်း၊စိတ်ကျရောဂါခံစားရခြင်း အစရှိတဲ့ ဝေဒနာတွေသက်သာလာမှာဖြစ်ပါတယ်။
၂။နှစ်ခြိုက်စွာအိပ်ပျော်လာပါလိမ့်မယ်။
ကဖင်းဓာတ်က ခန္ဓာကိုယ်ကို နိုးနိုးကြားကြားဖြစ်စေတဲ့အတွက် ကဖင်းဓာတ်များလာတဲ့အခါ အိပ်မပျော်တဲ့ဝေဒနာကိုခံစားလာရမှာပါ။ဒီတော့ ကဖင်းဓာတ်ကို လျှော့ချလိုက်တာနဲ့ အရင်ကထက်ပိုပြီး နှစ်ခြိုက်စွာ အိပ်ပျော်လာပါလိမ့်မယ်။
၃။ကျန်းမာရေးပိုမိုကောင်းမွန်လာပါလိမ့်မယ်။
ကဖင်းဓာတ် လွန်ကဲစွာသုံးဆောင်ခြင်းဟာ ဦးနှောက်ဆဲလ်တွေကိုပျက်ဆီးစေရုံသာမက နှလုံးကိုပါထိခိုက်လာစေပါတယ်။ဒါ့အပြင် သွေးပေါင်ချိန်ကိုပါ တက်စေနိုင်ပါသေးတယ်။ခေါင်းကိုက်ဝေဒနာများကိုခံစားစေရတဲ့အပြင်အစာလမ်းကြောင်းကိုပါဒုက္ခပေးတတ်တဲ့အတွက် ကဖင်းဓာတ်ကို လွန်ကဲစွာမသုံးဆောင်သင့်ပါဘူး။ကဖင်းဓာတ်လျှော့ချလိုက်တာနဲ့ ဒီဝေဒနာတွေအားလုံးကသက်သာလာမှာဖြစ်ပြီး သင့်ရဲ့ ဦးနှောက်၊နှလုံး အစရှိတဲ့ အတွင်းကလီစာတွေဟာပိုမိုကျန်းမာလာမှာဖြစ်ပါတယ်။
၄။သွားဝါခြင်းတွေကိုသက်သာစေပါတယ်။
ကော်ဖီလွန်ကဲစွာသောက်သုံးတတ်သူအများစုဟာ သွားဝါတတ်ကြပါတယ်။ဒါဟာ ဘယ်လိုမှငြင်းဆန်လို့မရတဲ့အချက်ပါ။ကဖင်းဓာတ်ကို လျှော့မှသာ သွားဟာ အရင်လို ပြန်လည်ဖြူဝင်းကျန်းမာလာမှာဖြစ်ပါတယ်။
၅။အရွယ်တင်နုပျိုစေပါတယ်။
ကဖင်းဓာတ်ဟာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တဲ့ ကော်လဂျင်ထုတ်မှုကို တားဆီးပေးတဲ့အတွက် အသက်အရွယ်ကိုအိုမင်းရင့်ရော်စေနိုင်ပါတယ်။ဒါကြောင့် ကဖင်းဓာတ်လျှော့ချလာတာနဲ့အမျှ နဂိုထက်ပိုမိုနုပျိုလာမှာပါ။ဒါကြောင့်အများကြီးလျှော့ရမယ်နော်။
ဒီနေ့မှာတော့ ကဖင်းဓာတ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပြောပြပေးသွားတာ သဘောကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။