သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာ ရပ်တည်နေသူကတော့ မင်းသားချောနေဒွေးပဲ ဖြစ်ပါတယ်။ နေဒွေးကတော့ လက်ရှိအခြေအနေတွေမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ကာ ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်....။
အခုလိုမတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေတွေနဲ့ စီးပွားရေးကြပ်တည်းမှုတွေကြောင့် ပြည်သူတွေခမျာမှာလည်း အလုပ်အကိုင်တွေရှားပါးနေကာ ၀မ်းရေးအတွက် ခက်ခက်ခဲခဲဖြေရှင်းနေကြရတာဖြစ်ပါတယ် ။ နေဒွေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မီးပွိုင့်မှာပန်းရောင်းရတဲ့လူငယ်တစ်ဦးရဲ့အဖြစ်ကို အင်တာဗျူးတစ်ခုကနေသိပြီး ဂရုဏာသက်ကာ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဒီလူငယ်လေးဟာ လှိုင်သာယာမှာနေထိုင်တာဖြစ်ပြီး မွေးရာပါခြေထောက်နဲ့လက်မသန်စွမ်းတာကြောင့် ဂျိုင်းထောက်ကိုအားပြုကာ ပန်းရောင်းရင်းရုန်းကန်နေရတာဖြစ်ပါတယ် ။ ဒါကြောင့်နေဒွေးဟာ ခြေတုနဲ့ ငွေကြေးအချို့သွားရောက်လှူဒါန်းခဲ့ပြီး အားပေးစကားပြောခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Nay Dway's Facebook acc