တော်ရုံလူတွေ သွားရောက်လည်ပတ်ဖို့ ခက်လဲလှတဲ့ မြေအောက်လှိုဏ်ဂူကြီး

//s9.kh1.co/e0/e076bf39659f01d95b039a09eb4091b2ad9a53fc.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြေအောက်လိုဏ်ဂူတွေထဲက တစ်ခုဖြစ်တဲ့ Majlis Al Jinn လိုဏ်ဂူဟာ အိုမန်နိုင်ငံ၊ ဆယ်လ် မာ ကုန်းပြင်မြင့်ရဲ့ ဝေးလံခေါင်ဖျားသော နေရာတွင် တည်ရှိပါတယ်။

ဒီလှိုဏ်ဂူကြီးရဲ့ တည်နေရာဟာ သွားလာရခက်ခဲတာကြောင့် သာမန်လူတွေလာရောက်ဖို့အတွက်က ခက်ခဲလှပါတယ်။

https://s9.kh1.co/__image/w=600,h=372,q=100/ad/ada54aca26efc3566c2ff05c09f58659f6f2d554.jpg
https://s9.kh1.co/__image/w=600,h=337,q=100/06/066ce4d1ad39d36d2592ad3dee3c59a2777f4f2d.jpg

ဒီလှိုဏ်ဂူကြီးဟာ အလျား ၃၁၀ မီတာနဲ့ အနံ ၂၂၅ မီတာရှိပြီး ပုံစံက ခန်းမဆောင်ကြီးတစ်ခုလိုပါပဲ။

ဒါ့အပြင် ဂူကြီးရဲ့အမိုးကလည်း ခုံးတစ်ခုအသွင်ဖြစ်နေပြီး မီတာ ၁၂၀ လောက် မြင့်ပါတယ်။

ဒါ့အပြင် လိုဏ်ဂူကြီးရဲ့ အနက်ဆုံးနေရာဟာ အမိုးနဲ့ ၁၇၆ မီတာလောက်အကွာအဝေးရှိပါတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/92/925d417c617174039698aa6ef02e34d77aca98d8.jpg
https://s9.kh1.co/__image/w=600,h=896,q=100/24/241fd5066d8017fa2b9f2d38e1075b4459df87be.jpg

သွားလာရခက်ခဲတာကြောင့် ဒီလှိုဏ်ဂူကြီးရှိတဲ့နေရာကိုတော့ အတွေ့အကြုံများတဲ့ တောင်တက်သမားတွေသာ လာရောက်နိုင်ပါတယ်။

နောက်ပိုင်းမှာတော့ လူအများလာရောက်လည်ပတ်လို့ ရစေဖို့အတွက် ခရီးလမ်းပြင်ဆင်မှုတွေ ပြုလုပ်​နေပါတယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=600,h=402,q=100/9e/9e5f97906d40d2b26d815da4cee6904e8cbfa1e9.jpg
https://s9.kh1.co/__image/w=600,h=337,q=100/6f/6fcb0b92ba4723779a0885c4699f610f105b7fc2.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T