မိတ်ဆွေတွေနဲ့ စုပေါင်းကာ ရပ်ကွက်အတွင်းက စားဝတ်နေရေး ခက်ခဲနေသူတွေအတွက် ဟင်းသီးဟင်းရွက်များ ဝေဌ လှူဒါန်းပေးခဲ့တဲ့ စူးရှထက်

//s9.kh1.co/fd/fd3a34a7015af88df925238359640a80709291c5.jpeg
အနုပညာရှင်များ

 ၂၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အခိုင်အမာ ရရှိထားတဲ့ စူးရှထက်ကတော့ လတ်တလောမှာ အခြေအနေတွေ အမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်များကို ထောက်ပံ့ကူညီနေတဲ့အပြင် အလှူငွေတွေလည်း တတ်နိုင်သလောက် လှူဒါန်းနေတာ တွေ့ရပါတယ်။

Photo Credit : Zar Chi Facebook Account 
Photo Credit : Zar Chi Facebook Account 
Photo Credit : Zar Chi Facebook Account 
Photo Credit : Zar Chi Facebook Account 

ဒါ့အပြင် ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့ ကာလတစ်လျှောက်မှာလည်း အောက်ဆီဂျင်အိုးတွေ အပြင် အခြား လိုအပ်တာတွေလည်း လှူဒါန်းခဲ့ပါသေးတယ် ။ သူကိုယ်တိုင် အလုပ်တွေ ရပ်နားထားရလို့ ဝင်ငွေ မရှိနေပေမယ့် ရှာဖွေ စုဆောင်းထားတာလေးတွေနဲ့ ကိုယ်ကျိုးမကြည့်ဘဲ အများအတွက် လိုအပ်တာတွေကို စိတ်ရော ကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေသူမို့ အားလုံးက လေးစား ချစ်ခင်နေကြတာပါ ။ 

Photo Credit : Zar Chi Facebook Account 
Photo Credit : Zar Chi Facebook Account 
Photo Credit : Zar Chi Facebook Account 
Photo Credit : Zar Chi Facebook Account 

အခုလည်း မိတ်ဆွေတွေနဲ့ စုပေါင်းကာ ရပ်ကွက် အတွင်းက စားဝတ်နေရေး ခက်ခဲနေသူတွေ အဆင်ပြေစေရန် ရည်ရွယ်ပြီး ဟင်းသီး ဟင်းရွက်များကို အလျှံပယ် ရက်ရက်ရောရော လှူဒါန်းဝေဌလျက်ရှိပါတယ် ။ လာရောက်ယူဆောင်ကြသူတွေ များပြားတာကြောင့် စူးရှထက်တစ်ယောက် ပြုံးပျော် ပီတိဖြစ်နေတာကို ပုံတွေထဲမှာ တွေ့ရမှာပါ ။ ပရိသတ်ကြီးအတွက် စူးရှထက်ရဲ့ အလှူပုံတွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Zar Chi Facebook Account 
Photo Credit : Zar Chi Facebook Account 
Source & Photo Credit : Zar Chi Facebook Account 
Source & Photo Credit : Zar Chi Facebook Account 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T