Blink ရဲ့အကြီးစားပရိသတ်တစ်ယောက်ဖြစ်လို့ Lisa ရဲ့MVထဲမှ ထိုင်းရိုးရာခေါင်းဆောင်းလေးနဲ့အသွင်ပြောင်းပြခဲ့တဲ့ ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသမီး Taew

//s9.kh1.co/8e/8ea8c3fcfbbc36213f13dc7527591eca7f013ac5.jpeg
အနုပညာရှင်များ

 ၂၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

Blink ရဲ့အကြီးစားပရိသတ်တစ်ယောက်ဖြစ်လို့ Lisa ရဲ့MVထဲမှ ထိုင်းရိုးရာခေါင်းဆောင်းလေးနဲ့အသွင်ပြောင်းပြခဲ့တဲ့ ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသမီး Taew

ထိုင်းမင်းသမီးချောလေး Taew Natapohrn ကတော့ ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးနဲ့ ချစ်စရာမျက်နှာလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူမကိုယ်တိုင်ကလည်း အလှအပရေးရာကိုသေချာဂရုစိုက်ပြီး လေ့ကျင့်ခန်းလည်းပုံမှန်လုပ်ဆောင်တာဖြစ်ပါတယ်။Taew က ပြီးခဲ့တဲ့လတွေမှာ ကိုဗစ်ရောဂါကိုလည်းခံစားခဲ့ရပြီး စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။သူမရဲ့ချစ်သူကိုလည်း ပရိသတ်တွေရှေ့မှာ Official ချပြပြီး တွဲနေတာဖြစ်ပါတယ်။

Photo Credit:Taew Natapohrn’s IG acc
Photo Credit:Taew Natapohrn’s IG acc
Photo Credit:Taew Natapohrn’s IG acc
Photo Credit:Taew Natapohrn’s IG acc

ထိုင်းအနုပညာရှင်တွေက သူတို့ရဲ့အနုပညာလောကသားတွေရဲ့ အနုပညာဖန်တီးမှုတွေကို တတပ်တအားဝန်းရံကြတာဖြစ်ပါတယ်။ထိုင်းလူမျိုး Lisa ရဲ့ ပထမဆုံးတစ်ကိုယ်တော်ခွေကိုလည်း ထိုင်းအနုပညာရှင်တွေက အားပေးကြတာဖြစ်ပါတယ်။Taew Natapohrn ဆိုရင် "LALISA" MV ထွက်ပြီး နောက်တစ်ရက်အကြာမှာပဲ Lisaရဲ့ကကွက်တွေကို Cover အနေနဲ့ကပြခဲ့တာဖြစ်ပါတယ်။တစ်ထပ်တည်းတူအောင်ကပြနိုင်တဲ့ Taew ကို ထိုင်းမီဒီယာတွေနဲ့ပရိသတ်တွေကချီးကျူးခဲ့ကြတာဖြစ်ပါတယ်။

Photo Credit:Taew Natapohrn’s IG acc
Photo Credit:Taew Natapohrn’s IG acc
Photo Credit:Taew Natapohrn’s IG acc
Photo Credit:Taew Natapohrn’s IG acc
Photo Credit:Taew Natapohrn’s IG acc
Photo Credit:Taew Natapohrn’s IG acc

ပြီးခဲ့တဲ့နှစ်ရက်ကလည်း Taew က Blink ရဲ့ အကြီးစားပရိသတ်ဖြစ်လို့ Lisaရဲ့ အသွင်အတိုင်း ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။သူမရဲ့ဆံပင်လေးကိုလည်း ပန်းရောင်လေးဆိုးထားပြီး ထိုင်းရိုးရာခေါင်းဆောင်းလေးကို ဆောင်းထားတာဖြစ်ပါတယ်။ဝတ်စုံလေးကလည်း အဖြူရောင်လေးဖြစ်ပြီး သူမရဲ့အလှလေးက နုဖတ်ပျိုမျစ်နေတာပဲဖြစ်ပါတယ်။Lisa ကို အကြိတ်အနယ်အားပေးပြီး သူမရဲ့ပုံစံအတိုင်း အသွင်ပြောင်းခဲ့တဲ့ ထိုင်းမင်းသမီးလေး Taew Natapohrn ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Taew Natapohrn’s IG acc
Photo Credit:Taew Natapohrn’s IG acc
Photo Credit:Taew Natapohrn’s IG acc
Photo Credit:Taew Natapohrn’s IG acc

Source&Photo Credit:Taew Natapohrn’s IG acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T