အသက် (၄၃)နှစ်ရှိနေပြီဖြစ်တာတောင် တိုင်းပြည်အတွက် PDFတစ်ဦးအနေနဲ့ခံယူထားတဲ့ ရဲဘော်ကြီးအတွက် မွေးနေ့လေးလုပ်ပေးကြတဲ့ ရဲဘော်များ

//s9.kh1.co/d1/d133ba9be0fa4c6180d56a1cf2b9e53fc34680f0.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ရှစ်လကျော်ကြာမြင့်လာပြီဖြစ်တဲ့ တော်လှန်ရေးကာလရှည်ကြီးမှာ ပြည်သူအားလုံးရော PDF လူငယ်တွေရော အင်တိုက်အားတိုက်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ D Day ကြေငြာလိုက်သည့်နေ့ကစကာ တိုက်ပွဲတွေကလည်း ဆက်တိုက်ပြင်းထန်နေပြီး မြို့ပေါ်နေရာအနှံ့မှာလည်း ပေါက်ကွဲမှုတွေနဲ့ တာဝါတိုင်ဖောက်ခွဲမှုတွေဖြစ်ပေါ်နေကာ တစ်ဖက်ကလည်း ပြင်းပြင်းထန်ထန် ပစ်ခတ်နှိမ်နှင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

PDF ရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေလှူဒါန်းပေးကြတဲ့ ရိက္ခာထောက်ပံ့မှုတွေနဲ့ ချို့ချို့တဲ့တဲ့စားသောက်နေကြရပြီး စစ်ရေးအတွက်ကြိုးစားပြင်ဆင်နေကြတာပါ။ ယမန်နေ့ကဆိုရင်လည်း လွတ်မြောက်နယ်မြေတစ်ခုမှာရောက်ရှိနေတဲ့ PDF ရဲဘော်တစ်ဦးရဲ့မွေးနေ့လေးဖြစ်ပါတယ်။ မကြီးဆန်းလို့ခေါ်ကြတဲ့ ရဲဘော်ကြီးဟာ အသက် (၄၃)နှစ်ရှိနေပြီဖြစ်ပြီး အသက်အရွယ်ကြီးနေတာတောင် စစ်ရေးအတွက်ပြင်ဆင်နေတာကို လေးစားဖွယ်မြင်တွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

လက်တွဲဖော်ညီအစ်ကိုတွေကလည်း မွေးနေ့လေးကိုတောထဲမှာရှိတဲ့ရိက္ခာထမင်းလေးတွေနဲ့ ကိတ်လေးပုံစံပြုလုပ်ပေးပြီး (၄၃)နှစ်ပြည့်မွေးနေ့လေးကို ဂုဏ်ပြုပေးခဲ့ကြတာဖြစ်ပါတယ် ။ တာ၀န်တွေကျေပွန်စွာထမ်းဆောင်နိုင်ပြီး မိသားစုနဲ့အမြန်ဆုံးပေါင်းစည်းနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T