စစ်ဘေးရှောင် ပြည်သူတွေအတွက် ဒီလိုကာလမှာ အရေးကြီးတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တဲ့ စေတနာ့ ဝန်ထမ်းများ

//s9.kh1.co/c8/c8c3277c8837602cba9282ce87fae3395a22571c.jpeg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

......

စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေခမျာ အချိန်အတော်ကြာ တောတောင်ထဲ နေထိုင်နေရတာကြောင့် အခုဆိုရင် ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာကြတာ တွေ့ရပါတယ် ။ ပတ်ဝန်းကျင် အနေအထား အရသော်လည်းကောင်း ၊ သုံးစွဲရတဲ့ ရေမသန့်ရှင်းတာတွေကြောင့် ဝမ်းပျက် ဝမ်းလျှော တာတွေလည်း ဖြစ်ကြတယ်လို့ သိရပါတယ် ။ 

Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 

စစ်ဘေးရှောင် ပြည်သူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ၊ ဆေးဝါး အထောက်အကူ ပစ္စည်းတွေ ပိုပြီး လိုအပ်နေတာ တော့ အမှန်ပါပဲ။ ဒါ့အပြင် စစ်ဘေးရှောင် တွေထဲက ကလေးသူငယ်တွေ ၊ မီးဖွားပြီးခါစ မိခင်တွေ ၊ သက်ကြီး ရွယ်အိုတွေ ပါဝင်တာကြောင့် ခုလို ကာလတွေမှာ ကျန်းမာရေး အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ် ။

Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 

ဒါ့ကြောင့် ခုဆိုရင် စေတနာ့ ကျန်းမာရေး ဝန်ထမ်းတွေ စုပေါင်းပြီး စစ်ရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေကို ပြုလုပ်ပေးလျက်ရှိတာတွေ့ရပါတယ် ။ လိုအပ်တာတွေ ကုသပေးနေတဲ့ ပုံရိပ်တွေနဲ့ အတူ " ကျန်းမာရေးစောင့်ရှောက်မှုရစေဖို့အတွက် အခုလိုစစ်ဘေးရှောင်ကာလကြီးမှာ အရင်အခြေအနေကထက် တောင်ပေါ်ဒေသမှာနေထိုင်ရတဲ့ သွေးချင်းတွေက ပိုလို့ခက်ခဲကြရတယ်။ဘယ်လိုအခက်အခဲရှိနေပါစေ သွေးချင်းတွေနဲ့အတူတူ ကျနော်တို့ရှိနေပါ့ " ဆိုတဲ့ စာလေးကိုပါ ရေးသားဖော်ပြထားရာ လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 
Source & Photo Credit : Clean Yangon Facebook Page 
Source & Photo Credit : Clean Yangon Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T