စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်က PDF တွေကတော့ အာဏာရှင်လူတစ်စုကို ယခုရက်ပိုင်းအတွင်း ပြောက်ကျားစနစ်ဖြင့် ပိုမိုတိုက်ခိုက်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် ၎င်းတို့ပိုင်တဲ့ ဆက်သွယ်ရေး Mytel တာဝါတိုင်များကိုလည်း မိုင်းခွဲဖျက်စီးခြင်းများ ပြုလုပ်လာသလို ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ ကောလင်း-ကျွန်းလှ-ကန့်ဘလူ - စပါယ်နံ့သာ လမ်းပိုင်းတို့မှာ ခရီးသွားလာသူပြည်သူများကို သတိပေးမှုတွေလည်း ထုပ်ပြန်ခဲ့ပါတယ်။
ကန့်ဘလူ PDF အဖွဲ့ဟာ အဆိုပါလမ်းပိုင်းတွေမှာ သွားလာကြတဲ့ အာဏာရှင်လူတစ်စုနဲ့ ပတ်သက်တဲ့ ယာဥ်များကို မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ကန့်ဘလူ PDF အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ အာဏာရှင်လူတစ်စုက ယာဥ်အမျိုးမျိုးကို အသုံးပြုပြီး သွားလာနေတာကြောင့် ခရီးသွားပြည်သူများအား သွားလာမှုများပြုလုပ်ပါက ကား မှန်တံခါးများအောက်သို့ချကာ သွားလာကြပါရန်၊ လူတစ်စုရဲ့ကားများအနီးမှ ကပ်လျက် မောင်းနှင် လိုက်ပါလာခြင်းများကို ရှောင်ကြဥ်ကြပါရန်စတာတွေကို တောင်းဆိုထားခဲ့တာ တွေ့ရပါတယ်။
ယခုမှာလည်း ကန်ဘလူ PDF အဖွဲ့က စတင်ဘာလ(၁၆)ရက်နေ့က ၎င်းတို့သတိပေးထုတ်ပြန်ထားတဲ့ လမ်းပိုင်းမှာ သွားလာခဲ့တဲ့ အာဏာရှင်လူတစ်စုရဲ့ ကား(၃)စီးကို မိုင်းဆွဲခဲ့စဥ် လျှပ်တပြက်မှတ်တမ်းတင် ရုပ်သံဖိုင်တစ်ခုကို ဖော်ပြလာခဲ့ပါတယ်။ မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် ကား(၃)စီးမှာ (၂)စီးက လဲကျသွားခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီရုပ်သံဖိုင်ကိုလည်း ပရိသတ်တွေ ပြန်ကြည့်ရှုလို့ရအောင် ကန့်ဘလူ PDF အဖွဲ့ကနေ ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - KPDF