ဝါးခယ်မတွင် ဧရာဝတီမြစ်ရေနှင့် ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျပြီး နေအိမ် ၈ လုံး အရေးပေါ်ရွှေ့ပြောင်းခဲ့ရ

//s9.kh1.co/3c/3ce9d74a7196975f9101745e7e95633ee51b732d.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မြစ်ကမ်းပါးပြိုကျတဲ့အနားက အမျိုးသား (၁၉) ဦး၊ အမျိုးသမီးအယောက် (၂၀) နေထိုင်တဲ့ နေအိမ် (၈) လုံးကို အရေးပေါ်မြစ်ကမ်းထိန်းတွေက .....

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ကျေးရွာ(၃)ရွာတွင် စက်တင်ဘာလ (၁၉) ရက်နေ့ မနက်ပိုင်းက ဧရာဝတီမြစ်ရေနှင့်ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ပြီး နေအိမ် (၈) လုံး အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

 ညနေ (၃) နာရီကျော်လောက်ကစတင်ပြီး အလျား ပေ (၅၀)၊ အနံ ပေ (၂၅) ခန့်ပြိုကျခဲ့တာပါ။ မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိပေမယ့် မြစ်ကမ်းပါးပြိုကျတဲ့အနားက အမျိုးသား (၁၉) ဦး၊ အမျိုးသမီးအယောက် (၂၀) နေထိုင်တဲ့ နေအိမ် (၈) လုံးကို အရေးပေါ်မြစ်ကမ်းထိန်းတွေက နယ်မြေခံမီးသတ်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ဟင်္သာဒုံးကျေးရွာ နဲ့ တံခွန်တိုင်ကျေးရွာတို့တွင် လည်းကောင်း၊ ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် အထက်ပေကုန်း ကျေးရွာတွေမှာ မြစ်ကမ်းပါးပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ် (၈) လုံး အရေးပေါ် ရွှေ့ပြောင်းခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခဲ့တဲ့ ကမ်းပြိုကျေးရွာမှာ အိမ်ခြေ(၁၂၅)လုံး၊ အိမ်ထောင်စု (၁၇၄)စု၊ လူဦးရေအမျိုးသား (၂၆၄)ဦး၊ အမျိုးသမီး (၂၇၉)ဦး တို့နေထိုင်တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T