ရွှေဆိုင်တစ်ဆိုင်အား ဓားပြတိုက်နေတဲ့ အမျိုးသားတစ်ဦးကို တုတ်တွေနဲ့ ရိုက်ပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတဲ့ ထိုင်းပြည်သူတွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/8b/8bdf95dbb4cd708416aaf2047eb1e8cb304796d3.jpg
နေ့စဉ်သတင်းများ

 ၁၉-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ရွှေဆိုင်တစ်ဆိုင်အား ဓားပြတိုက်နေတဲ့ အမျိုးသားတစ်ဦးကို တုတ်တွေနဲ့ ရိုက်ပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတဲ့ ထိုင်းပြည်သူတွေရဲ့ ဗီဒီယိုဖိုင်

ကိုဗစ်ကပ်ရောဂါတွေကြောင့် လူအများအပြားဟာ စီးပွားရေးမပြေလည်မှုတွေကို ရင်ဆိုင်နေရပြီး အချို့အခြေခံ ပြည်သူတွေဆိုရင် စားဝတ်နေရေးအခက်အခဲကိုတောင် အနိုင်နိုင် ဖြေရှင်းနေရပါတယ်။စီးပွားရေးမပြေလည်တာနဲ့အမျှ ခိုးယူလုယက်မှုတွေလည်း ပေါများလာနေပြီး ဓားပြတိုက်ခံရတဲ့ သတင်းတွေလည်း မကြာခဏမြင်တွေ့နေရပါတယ်။ ဓားပြတိုက်ပြီး ပစ္စည်းလုယူတဲ့အပြင် အသက်တွေကိုသာ ရန်ရှာတဲ့ စိတ်မကောင်းစရာအဖြစ်အပျက်တွေလည်း အများအပြားရှိနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

စက်တင်ဘာလ(၁၈)ရက်နေ့ မနေ့ကတော့ ထိုင်းနိုင်ငံမှာ အမျိုးသားတစ်ဦးက ရွှေဆိုင်တစ်ဆိုင်ကို ဓားပြဝင်တိုက်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ကာလဆင်မြို့ကရွှေဆိုင်တစ်ဆိုင်ကို အမျိုးသားတစ်ဦးက ဓားပြဝင်တိုက်ခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ပြည်သူတွေက ရဲကို အကြောင်းကြားခဲ့ပါတယ်။ ဓားပြတိုက်နေစဥ်အတွင်းမှာပဲ ထိုင်းရဲတွေကလည်း အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းရောက်လာပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ အဆိုပါဓားပြတိုက်သူကို ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဓားပြတိုက်နေတဲ့ အမျိုးသားက အရှေ့ကို အာရုံစိုက်နေချိန် ထိုင်းပြည်သူတွေက အနောက်ကနေ တုတ်တွေနဲ့ဝင်ရိုက်ခဲ့တာ ဖြစ်ပြီး လဲကျသွားချိန်မှာတော့ ထိုင်းရဲတွေက အတင်းဝင်လုံးကာ ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။ ထိုင်းပြည်သူတွေနဲ့ ထိုင်းရဲတွေ စည်းစည်းလုံးလုံးရှိခဲ့တာကြောင့် ယခုလိုဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါဓားပြတိုက်သူကို ဝိုင်းဖမ်းနေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက် စာမျက်နှာထက်မှာ လူကြည့်များနေခဲ့ပါတယ်။ ထိုင်းရဲတွေနဲ့ ထိုင်းပြည်သူတွေ ပူးပေါင်းပြီး ဓားပြတိုက်သူအား ဖမ်းဆီးနေကြတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T