ပြည်သူတွေကို အစွမ်းကုန်ကူညီရင်း လက်ထိခိုက်မိပြီး ဘယ်ဘက်လက်​မြှောက်မရဖြစ်နေတဲ့ ဝေဠုကျော်ကို ဆေးကုသပေးနေတဲ့ ထူးခန့်ကျော်

//s9.kh1.co/99/99db7b9744f1b06ebb46765530e406d9fee46064.jpg
အနုပညာရှင်များ

 ၁၉-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေကို အစွမ်းကုန်ကူညီရင်း လက်ထိခိုက်မိပြီး ဘယ်ဘက်လက်​မြှောက်မရဖြစ်နေတဲ့ ဝေဠုကျော်ကို ဆေးကုသပေးနေတဲ့ ထူးခန့်ကျော်

အနုပညာလောကမှာ နာမည်တစ်လုံးရရှိတဲ့အထိ အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဝေဠုကျော်ကတော့ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ ယခုမှာတော့ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ ဝေဠုကျော်တစ်ယောက် ပြည်သူတွေကို အစွမ်းကုန်ကူညီပေးရင်း လက်ထိခိုက်မိပြီး ဘယ်ဘက်လက်မြှောက်မရဖြစ်နေခဲ့ပါတယ်။ အောက်ဆီဂျင်အိုးတွေကို သယ်ရာကနေ ယခုလိုလက်ထိခိုက်မိပြီး လက်မြှောက်မရဖြစ်နေတဲ့ ဝေဠုကျော်ကို ထူးခန့်ကျော်တစ်ယောက် ကိုယ်တိုင်ဆေးကုပေးနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ထူးခန့်ကျော်ရဲ့ ဆေးကုသပေးမှုကြောင့် ဝေဠုကျော်တစ်ယောက် လက်မြှောက်မရတဲ့ ဝေဒနာကနေ သက်သာလာပြီဖြစ်ကြောင်း သိရပါတယ်။ ထူးခန့်ကျော်ကတော့ ယခုလိုဝေဠုကျော်ကို ဆေးကုသပေးခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိ​တဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။ ဝေဠုကျော်တစ်ယောက် မိမိရဲ့အသက်ကိုပဓာနမထားပဲ ရေဘေး၊မီးဘေး၊ လေဘေးနှင့်ဘေးဒုက္ခအမျိုးမျိုးတို့ကြောင့် ဒုက္ခရောက်နေတဲ့လူတွေကို ကူညီပေးနေကြောင်း၊ အစွမ်းကုန်ကူညီရင်း ယခုမှာတော့ အောက်ဆီဂျင်အိုးတွေကို မရာကနေ လက်ထိခိုက်မိပြီး ဘယ်ဘက်လက် မြှောက်မရဖြစ်နေခဲ့ကြောင်း ထူးခန့်ကျော်က ​ဖွင့်ဟလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc

ထူးခန့်ကျော်ကတော့ ယခုလိုတစ်ဒေါင့်တစ်နေရာကနေ ပါရမီဖြည့်ခွင့်ရပြီး ဝေဠုကျော်တစ်ယောက် သက်သာလာအောင် ပါရမီဖြည့် ကုသခဲ့ရတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ယုံကြည်စွာဖြင့် သူ့ထံလာရောက်ပြီး ဆေးကုသခဲ့တဲ့ ဝေဠုကျော်တစ်ယောက် ခံစားနေရသောဝေဒနာများ အမြန်မကြာသက်သာပျောက်ကင်းပါစေကြောင်း လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။ ထူးခန့်ကျော်ဆီ လာရောက်ပြီး ဆေးကုသနေခဲ့တဲ့ ဝေဠုကျော်ရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source -Htoo Khant Kyaw's FB Acc

Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Photo Credit-Htoo Khant Kyaw's FB Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T