ဖမ်းဆီးခံရပြီး သေဆုံးသွားခဲ့ပြီဆိုတဲ့ ကရင်နီလူငယ်(၂)ဦးအား လက်ရှိအချိန်ထိ ဆက်လက်အသက်ရှင်နေဆဲဟု သုံးသပ်ထုတ်ပြန်လာတဲ့ PKPF

//s9.kh1.co/2f/2f313269bb05dc8f8bd6a8833cee409615cb1e31.jpg
နေ့စဉ်သတင်းများ

 ၁၉-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

​ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က လူမှုကွန်ယက်ပေါ်မှာ ဖမ်းဆီးခံရတဲ့ ကရင်နီလူငယ်(၂)ဦး ဖီဒေးလယ် နှင့် ပါစကွားလယ်တို့ကို သေဆုံးသွားခဲ့ပြီလို့ ပြည်သူတွေကြားမှာ ဓာတ်ပုံများဖြင့် သတင်းများထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာလည်း အဆိုပါ လူငယ်(၂)ဦး နဲ့ ပတ်သက်ကာ သတင်းများထပ်မံ ထွက်ပေါ်လာခဲ့ပြီး ကယားပြည်နယ်က တိုးတက်သောကရင်နီပြည်သူ့အင်အားစု-PKPF တပ်ကတော့ ယမန်နေ့က ရေးသားထုတ်ပြန်လာတာ တွေ့ရပါတယ်။

Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF

ဒါကတော့ ဖီဒေးလယ် နှင့် ပါစကွားလယ်လူငယ် (၂)ဦးဟာ စက်တင်ဘာလ ဒုတိယအပတ်လောက်က အာဏာရှင်လူတစ်စုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ပျံ့နှံနေတဲ့ ဓာတ်ပုံများအရ လူငယ် (၂)ဦးမှာ ၎င်းတို့ရဲ့တပ်စခန်းမှာပဲ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ဖို့ အသုံးချကာ ဆက်လက် အသက်ရှင်နေဆဲဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု-PKPF က သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - PKPF
Photo Credit - PKPF

အဆိုပါထုတ်ပြန်ချက်တွေနဲ့အတူ ပြည်သူတွေကလည်း ဖမ်းဆီးခံရတဲ့ ဖီဒေးလယ် နှင့် ပါစကွားလယ်တို့ ကရင်နီလူငယ် (၂)ဦးအား အသက်ရှင်ဖို့အတွက် ဆုတောင်းပေးလာကြတာ တွေ့ရပါတယ်။ ကယားပြည်နယ်အတွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုက်ပွဲ (၇၃)ကြိမ် ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ပြည်သူ (၇၃)ဦးအား အာဏာရှင်လူတစ်စုက သတ်ဖြတ်ခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု-PKPF က ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

Photo Credit - PKPF
Photo Credit - PKPF

သတင်း အရင်းအမြစ်Source - PKPF

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T