နာမည်ကြီးထိုင်း Cele စုံတွဲတွေထဲမှာတော့ Mark Prin နဲ့ Kimmy တို့စုံတွဲလေးက အများကအားကျရတဲ့ ချစ်သူနှစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတာ ဖြစ်ပါတယ် ။ Mark Prin က ထိုင်းနိုင်ငံမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်ဖြစ်သလို Kimmy ကလည်း နာမည်ကြီးတဲ့ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်လက် ဖြစ်ပါတယ် ။ သူတို့စုံတွဲလေးက တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုအပြည့်ရှိကြပြီး အမြဲတမ်း ချစ်ခင်ကြင်နာနေကြတာလည်း ဖြစ်ပါတယ် ။
ရှေ့သွားနောက်လိုက်ညီတဲ့ Mark နဲ့ Kim တို့စုံတွဲလေးက ကြော်ငြာတွေ၊ဇာတ်ကားတွေအတူရိုက်ကူးပြီး အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ် ။ (၂၀၁၃)ခုနှစ်ကတည်းက ချစ်ကြိုက်ခဲ့ကြတဲ့ Mark တို့စုံတွဲလေးက မကြာခင်မှာပဲ ချစ်သူသက်တမ်း (၈)နှစ်တောင်ပြည့်တော့မှာ ဖြစ်ပါတယ် ။ သူတို့နှစ်ယောက်ရဲ့Relationship ကို မိဘတွေပါကသိပြီး ကြည်ဖြူလက်ခံထားကြတာကြောင့် အားလုံးက သူတို့ရဲ့မင်္ဂလာသတင်းကို စောင့်မျှော်နေကြတာ ဖြစ်ပါတယ် ။
Kim ကတော့ Mark တို့တစ်မိသားစုလုံးနဲ့ ချစ်ခင်ရင်းနှီးတဲ့အပြင် အားလုံးဆီက အချစ်ခံနေရတာလည်း ဖြစ်ပါတယ် ။ Mark တို့မိသားစုရဲ့အမှတ်တရ ဓာတ်ပုံတွေမှာဆိုရင် Kim က အမြဲလိုလို ပါဝင်နေတတ်ပြီး သူတို့နဲ့အတူ ရှိနေတတ်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် Kim က Mark တို့မိသားစုနဲ့ခရီးတွေ အတူထွက်ဖူးသလို သူတို့အိမ်ကိုပါ မကြာခဏ သွားလည်လေ့ရှိတာပဲ ဖြစ်ပါတယ် ။ ထို့အတူ Mark ကလည်း Kim တို့မိသားစုနဲ့ ရင်းရင်းနှီးနှီးရှိတာ တွေ့ရပါတယ်။ ချစ်သူ Mark တို့မိသားစုလေးနဲ့ အမြဲအတူရှိနေတတ်တဲ့ ထိုင်းမင်းသမီးချော Kimberley ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Source & Photo Credit-Mark Prin's IG Acc ,Kimmy's IG Acc & mmiiang's IG Acc