အကြောင်းတရား မျိုးစုံကြောင့် အခြေအနေဆိုးတွေကို အချိန်အတော်ကြာ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူ ပြည်သားတွေအဖို့ အဆင်မပြေမှုတွေလည်း ပိုပိုပြီး ကြုံတွေ့လာကြရပါတယ် ။ လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတာကြောင့် အခြေခံ လုပ်သားပြည်သူတွေ အဖို့တော့ အတော်လေး ဘဝကို ရုန်းကန်းဖြတ်သန်းနေရတဲ့ အချိန်တွေပါပဲ ။
ဒါကြောင့်လည်း ပြည်သူတွေအချင်းချင်း ဒီလို အဆင်မပြေမှုတွေအတွက် ခုဆိုရင် အစားအေသာက်တွေ ၊ ဆေးဝါးတွေ အခမဲ့ လှူဒါန်းပေးလာကြသလို ဈေးတွေလျော့ကာ အများပြည်သူဝယ်နိုင်အောင် ပြုလုပ်ပေးလာကြတာကိုတွေ့ရပါတယ် ။ ဈေးလျော့ရောင်းဆိုတဲ့ အစီအစဉ်ကို ရန်ကုန်မှာ စတင်ပြုလုပ်ခဲ့တဲ့ လူငယ် အဖွဲ့လေးဟာဆိုရင်လည်း ခုဆိုရင် နေရာ အစုံနီးပါးကို သွားရောက်ပြီး ငွေငါးဆယ်ကျပ်တည်းနဲ့ စားသောက်ကုန်တွေကို ရောင်းချပေးနေတာတွေ့ရပါတယ် ။
အခုလည်း ငွေငါးဆယ်ကျပ်နဲ့ စားသောက်ကုန်များကို အဆင်မပြေတဲ့ ပြည်သူတွေကို ရောင်းချပေးခဲ့ပြီး လာဝယ်ကြတဲ့ သူတွေ အထဲမှာ သက်ကြီးရွယ်အိုတွေ ပါပါက အိမ်အထိပါ လိုက်ပို့ပေးရင်း ကူညီမှုတွေ ပြုလုပ်ပေးခဲ့တာကိုတွေ့ရပါတယ် ။ ဒီပုံရိပ်တွေက ကြည့်မိသူတိုင်းကို ပြုံးပျော် ပီတိဖြစ်စေခဲ့တဲ့ အထိပါပဲ ။ ပရိသတ်ကြီးအတွက် ဈေးလျော့ရောင်း အဖွဲ့က လူငယ်လေးတွေရဲ့ လေးစား စရာ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။