ရွှေပြည်သာက မီတာရုံးတစ်ခုထဲသို့ လက်ပစ်ဗုံးပစ်ထည့်ပြီး တိုက်ခိုက်ခဲ့တဲ့ ရွှေပြည်သာ Local PDF တပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/da/da48a1f6bef3cd98902745e901983b9470369f12.jpg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ရွှေပြည်သာက မီတာရုံးတစ်ခုထဲသို့ လက်ပစ်ဗုံးပစ်ထည့်ပြီး တိုက်ခိုက်ခဲ့တဲ့ ရွှေပြည်သာ Local PDF တပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်

မြန်မာပြည်သူတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲဝင်ရောက်ပြီး ရန်သူကို နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်နေကြတာပဲ ဖြစ်ပါတယ်။ ရန်သူနဲ့ မျက်နှာချင်းဆိုင်တိုက်ခိုက်နေကြတဲ့ PDFလူငယ်တွေလည်း ရှိသလို ​ ရန်သူရဲ့ ဒေါက်တိုင်တွေကို တိုက်ခိုက်နေတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေလည်း ရှိကြပါတယ်။ PDFတပ်ဖွဲ့တွေကတော့ Mytel တာဝါတိုင်တွေ၊ မော်တော်ပီကယ်ရုံးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို မိုင်းခွဲတိုက်ခိုက်တာတွေ ပြုလုပ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ သတင်းပေးဒလန်တွေကို ရှင်းလင်းတာတွေ ပြုလုပ်နေကြသလို မီတာရုံးတွေကိုလည်း တိုက်ခိုက်တာတွေ ပြုလုပ်နေခဲ့ပါတယ်။ ယခုမှာတော့ Shwe Pyi Thar Local PDFတပ်ဖွဲ့ဟာ ရွှေပြည်သာက မီတာရုံးတစ်ခုထဲသို့ လက်ပစ်ဗုံး ပစ်ထည့်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ ရွှေပြည်သာ Loacl PDF တပ်ဖွဲ့က တော့ ယခုတစ်ကြိမ်နဲ့ဆိုရင် မီတာရုံးကို ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မီတာရုံးကို တိုက်ခိုက်ခဲ့တဲ့ ရွှေပြည်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်စာမျက်နှာထက် ထွက်ပေါ်လာခဲ့ပါတယ်။ရွှေပြည်သာ Loacl PDF တပ်ဖွဲ့ကတော့ မီတာရုံးအား ဒုတိယအကြိမ် မစ်ရှင် ဆောင်ရွက်ခဲ့မှု ရုပ်သံမှတ်တမ်းကို အများပြည်သူသိမြင်နိုင်ရန် ဖော်ပြပေးလိုက်ကြောင်း၊ အခွင့်ရေးရရင် ရသလို ရန်သူကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့​ကြောင်း ရေးသားထုတ်ပြန်ထားခဲ့ပါတယ်။ ရွှေပြည်သာက မီတာရုံးတစ်ခုထဲကို လက်ပစ်ဗုံးပစ်ထည့်ခဲ့တဲ့ ရွှေပြည်သာ Local PDF တပ်ဖွဲ့ရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T