သာယာအေးချမ်းပြီး ချစ်ရသူနဲ့အတူ ​လှေကလေးစီးပြီး လည်ပတ်လို့ရတဲ့ ရွာကလေး

//s9.kh1.co/61/61b3d74773e8139bc0211f798fa1ef1eec5b7094.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

သာယာအေးချမ်းပြီး လှပတဲ့နေရာလေးတွေကို ခရီးထွက်ချင်တဲ့သူတွေအတွက် နယ်သာလန်နိုင်ငံက ရွာလေးတစ်ရွာအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဒီရွာလေးနဲ့ နာမည်ကတော့ Giethoorn Village ဖြစ်ပြီး နယ်သာလန်နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိပါတယ်။

https://s9.kh1.co/__image/w=599,h=400,q=100/e4/e46c86f63448722131ad7f165c87494e0189a2e4.jpg
https://s9.kh1.co/__image/w=636,h=358,q=100/4b/4b6720f24ed0ac48a39b3469aa462615c2e96f01.jpg

ဒီရွာလေးကို ဝင်လိုက်တာနဲ့ အေးချမ်းသာယာတဲ့ အငွေ့အသက်လေးကို ခံစားရမှာ ဖြစ်ပြီး လှပတဲ့ရှုခင်းတွေနဲ့ သာယာတဲ့ပတ်ဝန်းကျင်မှာ အေးအေးဆေးဆေးအပန်းဖြေချင်တဲ့သူတွေအတွက်တော့ တကယ့်ကို အဆင်ပြေတဲ့ ရွာလေးတစ်ရွာပါပဲ။

ရွာထဲကိုလည်မယ်ဆိုရင်တော့ ကုန်းလမ်းနဲ့ ရေလမ်းနှစ်ခုရှိပြီး လူအများစုကတော့ ရေထဲကနေ ​လှေကလေးစီးပြီး လည်ပတ်ကြသလို ဒီလိုလှေလေးစီးပြီး လည်ပတ်ရတာကိုက ဒီရွာရဲ့ ထူးခြားချက်တစ်ခုလို ဖြစ်နေတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=599,h=378,q=100/25/252cb2ab0d8c4ebc7fdce4ccca2707c52f97f16b.jpg
https://s9.kh1.co/__image/w=599,h=398,q=100/72/72af27035cbe18d2407d4c3b2c19d7506c849f5b.jpg

ဒါ့အပြင် ဒီရွာမှာဆောက်ထားတဲ့ အိမ်ပုံစံလေးတွေကလည်း တစ်မျိုးလေးလှပလှသလို စိမ်းလန်းစိုပြည်တဲ့ သစ်ပင်လေးတွေကို မြင်ရတာကလည်း စိတ်ကိုအေးချမ်းစေပါတယ်။

ဒီရွာလေးထဲမှာ ရှုခင်းလှလှလေးတွေမြင်တွေ့နိုင်တဲ့ ကြယ်သုံးပွင့် ဟိုတယ်လေးတွေရှိပြီး တစ်နှစ်ကို လူတစ်သန်းလောက် လာရောက်လည်ပတ်ကြတယ်လို့ သိရပါတယ်။

ဒီရွာလေးဟာ ချစ်ရသူနဲ့အတူ နှစ်ယောက်ထဲ ​လှေကလေးစီးပြီး ရိုမန့်တစ်ဆန်ဆန်လည်ပတ်လို့ကောင်းတဲ့ ရွာကလေးတစ်ရွာလည်း ​ဖြစ်တာကြောင့် နယ်သာလန်ကိုရောက်ဖြစ်ရင် ဒီရွာလေးကို သွားလည်ကြည့်ကြပါဦးနော်....

https://s9.kh1.co/__image/w=650,h=365,q=100/b6/b6ab841594b59ac45cad32e7a67c58430319367a.jpg
https://s9.kh1.co/__image/w=650,h=435,q=100/67/67588db158505736144250d2592f6f11853a7993.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T