ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းတာကြောင့် ကလေးမြို့ပေါ်ရပ်ကွက်တွေအထိရေကြီးရေလျှံနေမှုမြင်ကွင်းများ

//s9.kh1.co/94/94d9ec8628566d1298ef1ca832287d064ea926a1.jpg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေအပြင် မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးမှုအန္တရာယ်တွေလည်းကြုံတွေ့နေရပြီး ပြည်သူတွေအနေနဲ့ စား၀တ်နေရေးကြပ်တည်းနေကြပြီး နေရေးထိုင်ရေးအဆင်မပြေမှုများနဲ့ တွေ့ကြုံနေကြရတာဖြစ်ပါတယ် ။ အခုလို အခြေအနေအမျိုးမျိုးကြောင့် ပြည်သူချင်း ကူညီထောက်ပံ့မှုတွေပြုလုပ်နေကြပြီး တတ်နိုင်တဲ့ဘက်ကနေ ငွေကြေး၊အစားအသောက်၊ဆေးဝါးစတာတွေကို ကူညီ‌ပေးနေကြတာကိုတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မိုးနှောင်းကာလလည်းဖြစ်တာကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းနေပြီး မြစ်ရေတက်မှုတွေအပြင် ရေကြီးရေလျှံမှုတွေပါ ဖြစ်ပေါ်နေတာတွေ့ရပါတယ် ။ ယမန်နေ့ညမှာဆိုရင်လည်း မြန်မာနိုင်ငံနေရာအတော်များများမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader

မုတ်သုံလေအားကောင်းနေမှုကြောင့် မိုးကြီးနိုင်တဲ့ သတိပေးချက်တွေလည်းထုတ်ပြန်ထားတာတွေ့ရပြီး ကလေးမြို့မှာဆိုရင်လည်း မြို့ပေါ်လူနေရပ်ကွက်တွေအထိ ရေလျှံမှုတွေဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ မနက်ခင်းအချိန်ရောက်တဲ့အထိ ရေကျသွားမှုမရှိပဲ သွားလာရေးအခက်အခဲဖြစ်နေတာကိုပါတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်KP DIARY's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T